Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် နှင့်မြောက်ဥက္ကလာပ မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းတစ်ချို့အား ယာယီရပ်ဆိုင်းအရေးယူ

ရေသန့်လုပ်ငန်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- ရန်ကုန် FDA)

ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် နှင့်မြောက်ဥက္ကလာပ မြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သောက်ရေသန့်လုပ်ငန်းအချို့မှာ စက်ရုံဖွဲ့စည်းပုံ(Layout)ကိုက်ညီမှုမရှိခြင်း၊ စက်ရုံအတွင်း/အပြင် သန့်ရှင်းမှုမရှိခြင်း၊ ကောင်းမွန်သော သိုလှောင်မှုအလေ့အကျင့်တို့ မရှိခြင်း၊ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးဝတ်စုံများ ဝတ်ဆင်ထားခြင်းမရှိခြင်းတို့ ကြောင့် စက်ရုံအချို့အား ယာယီရပ်ဆိုင်းအရေးယူခဲ့ကြောင်း အစားအသောက် နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (ရန်ကုန်)ကသတင်းထုတ်ပြန်ခဲ့သည်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ-ရန်ကုန်သည် မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များနှင့်အတူ တောင်ဥက္ကလာပမြို့နယ် နှင့်မြောက်ဥက္ကလာပ မြို့နယ်ရှိ အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်ရရှိထားသော သောက်ရေသန့်လုပ်ငန်းများအား ဇွန်လ ၄ ရက်တွင် ရှောင်တခင် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.