Connect with us

Politics, Law & Military

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ခုကို နိုင်ငံတကာအဆင့်မီမြှင့်တင်ပြီး one stop service ရရှိနိုင်ရန် ဆောင်ရွက်မည်


ရန်ကုန်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ၂၉ခုကို နိုင်ငံတကာအဆင့်မီမြှင့်တင်ပြီး one stop service ရရှိနိုင်ရန် ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြိုးမင်းသိန်းက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

စက်မှုဇုန်များကို အင်္ဂလန်နိုင်ငံအကူအညီဖြင့် အဆင့်မြှင့်တင်ရန် ကြိုးစားနေကြောင်း ဝန်ကြီးချုပ်က ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပစဉ် (ဆင်ဟွာ)

အဆိုပါ စက်မှုဇုန် ၂၉ ခုကို အဆင့်မြှင့်တင်ရန် စက်မှုဇုန်အဆင့်မြှင့်တင်ရေးကော်မတီဖွဲ့ထားပြီး အဆင့်မြှင့်တင်ရန် စီစဉ်နေကြောင်း၊ စက်မှုဇုန်များတွင် ရေရရှိရေး၊ ရေဆိုးစွန့်ရေးနှင့် အမှိုက်စွန့်ပစ်ရေးစသည့် ကိစ္စရပ်များကို စနစ်တကျဖြစ်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ယင်း စက်မှုဇုန်များတွင် one stop service စနစ်မျိုးလည်းဆောင်ရွက်ခြင်းဖြင့် တစ်နေရာထဲတွင် အပြီးအစီးဆောင်ရွက်နိုင်ကာ အချိန်ကုန်သက်သာသည့်အပြင် ယာဉ်ကြောပိတ်ဆို့မှုကို လျော့ကျနိုင်ကြောင်း ဒေါ်နီလာကျော်က ဆိုသည်။

ရန်ကုန်မြို့၏ အတွင်းပတ်လမ်း(မိုးပျံကားလမ်း)စီမံကိန်းကို ယခုနှစ်ကုန်ပိုင်းတွင် စတင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး အပြင်ပတ်လမ်းစီမံကိန်း ကုန်စည်စီးဆင်းမှုကို အဓိက လုပ်ဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲကို ယနေ့ ညနေပိုင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့ကြောင်း၊အဆိုပါ သတင်းစာရှင်းလင်းပွဲကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ ဦးဆောင်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ပြည်သူ့အတွက် တတိယ (၁)နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သက်၍ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ မဏ္ဍိုင်(၃)ရပ်နှင့် ပတ်သက်၍ဆောင်ရွက်မှုများ၊ ဒေသဖွံံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်မှုများ။သဘာဝဘေးအန္တရာယ်အတွက် ဆောင်ရွက်မှုများ၊ပြည်သူ့အကျိုးုပြုလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု၊ဘာသာပေါင်းစုံချစ်ကြည်ရေးဆောင်ရွက်မှု၊YBS စနစ်သစ်ဆောင်ရွက်မှု၊ လျှပ်စစ်ကဏ္ဍဆောင်ရွက်မှု၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။(Xinhua)