ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း အလောင်းတော်ကဿပအမျိုးသား ဥယျာဉ်အတွင်းတည်ရှိသော အလောင်းတော်ကဿပ စံကျောင်းနှင့်ရုပ်ကလပ်တော်တည်ရှိရာသို့ သွားလာ နိုင်သော ကပိုင်-သပိတ်ဆေးဘုရားဖူးလမ်းသည် ယနေ့နံနက်ပိုင်းတွင် လမ်းချော်မှုဖြစ်ပွားလျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ) မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ် လမိုင်းမြို့ ကုလားကုတ်ကျေးရွာအုပ်စု ကုလားကုတ်အောက်ဆိပ် ကျေးရွာတွင် ယနေ့ နံနက် လေပြင်းတိုက်ခိုက်မှုကြောင့် အိမ်ခြေ (၁၀၀)ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ သိန်းနီမြို့နယ် ရေပူအမြဲတမ်းစစ်ဆေးရေးစခန်း၌ မြွှေအမျိုးအစားအစုံပါသော တရားမဝင် မြွေအကောင် တစ်ထောင်ကျော် သယ်ဆောင်လာသူများအား ဖမ်းဆီးခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၌ ငွေစက္ကူအတု ၁၀,၀၀၀ ကျပ်တန် ၄၀၁ ရွက် တွေ့ရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်(၇၁/၁-၂)ကြား၌ ၆ ဘီးယာဉ် နှင့် ခရီးသည်တင်ယာဉ်တိုက်မှုကြောင့် လူ၂ ဦး သေဆုံး၍ ၄ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယ(၁၀)ရက်ပတ် တွင် တိုင်းဒေသကြီး နှင့် ပြည်နယ်အချို့တွင် မြူထူများဆိုင်းနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်တွင် ငွေကျပ် ၉,၇၅၆.၁၆၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇန်နဝါရီ ၇ ရက်(ဆင်ဟွာ) AA သောင်းကျန်းသူအဖွဲ့နှင့် ပတ်သက်ပြီး အစိုးရအဖွဲ့နှင့် တပ်မတော်တို့၏ အမြင်မှာ တစ်သဘော တည်း ရှိကြောင်းနှင့် ငြိမ်းချမ်းရေး ဆွေးနွေးဝိုင်းကို အမြဲတမ်း တံခါးဖွင့်ထားကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက မီဒီယာများကို ယနေ့ ညနေပိုင်း၌ ဖြေကြားခဲ့သည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေရှိနိုင်သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ကြောင်းမိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်အတွင်းရှိ မိုးယွန်းကြီးအင်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအတွင်းသို့ ဒီဇင်ဘာလကုန်အထိ ဆောင်းခိုငှက်မျိုးစိတ်ပေါင်း ၃၆ မျိုးခန့် ဝင်ရောက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။