Connect with us

Social

အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် ဓာတ်အားလိုင်း ၊ ထရန် စဖော်မာ တည်ဆောက်ရေး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ လုပ်ငန်း အပ်နှံသည့် စာချုပ် လက်မှတ် ရေးထိုး

အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံကိန်း လုပ်ငန်း အပ်နှံသည့် စာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားအား တွေ့ ရစဉ်(ဓာတ်ပုံ - MOI)

ရန်ကုန် ၊ မေ ၁ ရက်(ဆင်ဟွာ)

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်လျက် ရှိသည့် အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအတွက် ဓာတ်အားလိုင်း၊ ထရန် စဖော်မာ တည်ဆောက်ရေး တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများ လုပ်ငန်းအပ်နှံသည့် စာချုပ်အား ဧပြီ ၃၀ ရက်တွင် လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။

ယင်းစီမံကိန်းကို ရန်ကုန်တိုင်းဒေသကြီး ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကရင် ပြည်နယ် နှင့် မွန်ပြည်နယ် အတွင်းရှိ ကျေးရွာ ၅၉၀ တွင် အကောင်အထည်ဖော်မည် ဖြစ်ကြောင်း သိရသည်။

လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ကမ္ဘာ့ဘဏ်ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၃၁၀ ဖြင့် အမျိုးသား လျှပ်စစ် ဓာတ်အား ရရှိရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပထမအဆင့် အနေဖြင့် ဓာတ်အားစနစ်မှ ၂ မိုင်အတွင်း ကျေးရွာ ၅,၀၈၀ ရွာအတွက် လိုအပ်သော ထရန်စဖော်မာ၊ ကွန်ကရိတိုင်၊ ကြွေသီး၊ ကြိုး၊ လက်တန်းနှင့် ဆက်စပ်ပစ္စည်းများကို (International Competitive Bidding- ICB) ဖြင့် ခေါ်ဆိုခဲ့ပြီး ပစ္စည်းများရောက်ရှိနေပြီဖြစ်ကြောင်း ၊ တည်ဆောက်တပ်ဆင်ခြင်း တင်ဒါ ကို ကမ္ဘာ့ဘဏ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ခဲ့ပြီး ယခုကဲ့သို့ စာချုပ်ချုပ်ဆိုခြင်း ဖြစ်ကြောင်း လက်မှတ် ရေးထိုးသည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ယခု ချုပ်ဆိုသည့် စာချုပ်များအရ မီးလင်းနိုင်မည့် အိမ်ထောင်စု ဦးရေမှာ ရန်ကုန်တိုင်းဒေသကြီးတွင် အိမ်ထောင်စုဦးရေ ၂၀,၂၉၂ စု ၊ စစ်ကိုင်းတိုင်း ဒေသကြီး တွင် အိမ်ထောင်စု ၃,၅၁၉ စု ၊ မကွေး တိုင်းဒေသကြီးတွင် အိမ်ထောင်စု ၉,၄၅၉ စု၊ ရခိုင်ပြည်နယ်တွင် အိမ်ထောင်စု ၄၈၀ စု၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) တွင် အိမ်ထောင်စု ၁,၀၄၄ စု ၊ ကရင်ပြည်နယ်တွင် အိမ်ထောင်စု ၄,၂၂၀ စု၊ မွန်ပြည် နယ်တွင် အိမ်ထောင်စု ၁,၃၃၂ စု၊ မန္တလေးတိုင်း ဒေသကြီးတွင် အိမ်ထောင်စု ၃၅,၇၄၂ စု တိုးတက် လာမည်ဖြစ် ပါကြောင်း၊ တည်ဆောက်ရေး လုပ်ငန်းများကို ယခုနှစ် ဇန်နဝါရီတွင် စတင်ဆောင် ရွက်နေပြီး ၂၀၂၀ ဇွန်လတွင် ပြီးစီးမည် ဖြစ်ကြောင်း သိရသည်။

NEP ဒုတိယအဆင့် အနေဖြင့် ဓာတ်အားလိုင်းမှ (၅)မိုင်အတွင်း ကျေးရွာများ ဓာတ်အားရရှိရေးအတွက် ဆက်လက် ဆောင်ရွက် လျက်ရှိပြီး ၂၀၂၁ခုနှစ် စက်တင်ဘာ လကုန်တွင် ပြီးစီးအောင် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြီးစီးပါက ကျေးရွာပေါင်း ၈,၅၃၇ရွာရှိ အိမ်ထောင်စုပေါင်း ၁,၀၃၂,၄၁၁ စု ခန့် လျှပ်စစ် ဓာတ်အားရရှိလာမည် ဖြစ်ပြီး စုစုပေါင်း Electrification Rate ၉ ဒသမ ၅ ရာခိုင်နှုန်းခန့် တိုးတက်လာကာ တစ်နိုင်ငံလုံး၏ Electrification Rate မှာ ၂၀၁၉ခုနှစ်ကုန်တွင် ရာခိုင်နှုန်း ၅၀ နှင့် ၂၀၂၁ခုနှစ်တွင် တစ်နိုင်ငံလုံး Electrification Rate ၅၅ ရာခိုင်နှုန်းထိ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

“၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံ လုံး လျှပ်စစ်ဓာတ်အား ရရှိရေး”ကို ရည်မှန်း၍ စီမံကိန်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ လက်ရှိ အခြေအနေတွင် တစ်နိုင်ငံလုံး၏ အိမ်ထောင်စု များအားလုံး အနက်မှ ၄၄ ရာခိုင်နှုန်းသည် လျှပ်စစ် ဓာတ်အား အသုံးပြုခွင့် ရရှိနေပြီး ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အိမ်ထောင်စု ၅၅ ရာခိုင်နှုန်း လျှပ်စစ် ဓာတ်အား သုံးစွဲခွင့် ရရှိရန် လျာထားဆောင်ရွက်လျက် ရှိကြောင်း ၊ အနာဂတ် လျှပ်စစ် ဓာတ်အား သုံးစွဲ နိုင်ရေး ရည်မှန်းချက် အဖြစ် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် အိမ်ထောင်စုဦးရေ ၇၅ ရာခိုင်နှုန်း ၊ ၂၀၃၀-၂၀၃၁ ခုနှစ်တွင် မြန်မာ တစ်နိုင်ငံလုံး အိမ်ထောင်စုဦးရေ ၁၀၀ ရာနှုန်းပြည့် လျှပ်စစ်ဓာတ်အား သုံးစွဲခွင့်ရရှိရေး အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117