Connect with us

Agriculture

တောင်သူလယ်သမားများသို့မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးမည့် အစီအစဉ်များ အသိပေး

လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းခွင် တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ မေ ၂ ရက်(ဆင်ဟွာ)

မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၉ ခုနှစ် ၊ မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူ လယ်သမား များသို့မေလ ၆ ရက်နေ့မှ စတင် ထုတ်ချေးပေးမည် ဖြစ်ကြောင်း အဆိုပါ ဘဏ်၏ ကြေညာမှု အရ သိရသည်။

တောင်သူများ အနေဖြင့် ချေးငွေ အဆိုပြုလွှာများကို အချိန်မီ တင်ပြနိုင်ရေး အတွက် မိမိတို့ရပ်ကွက်/ကျေးရွာ အုပ်စု အလိုက် ချေးငွေ စိစစ်ရေး အဖွဲ့များ ၊ သက်ဆိုင်ရာ မြို့နယ် ဘဏ်ခွဲများ နှင့် ဆက်သွယ် ဆောင်ရွက်ကြရန် မြန်မာ့ လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အသိပေး နှိုးဆော်ခဲ့သည်။

ချေးငွေ နှုန်းထားမှာ စပါး သီးနှံကို တစ်ဧက ကျပ် ၁၅၀,၀၀၀(ကျပ်တစ်သိန်းခွဲနှုန်း) ၊ အခြား သီးနှံများကို တစ်ဧက ကျပ် ၁၀၀,၀၀၀ (ကျပ်တစ်သိန်းနှုန်း)ဖြင့် ယခင်နှစ်ကကဲ့သို့တောင်သူ တစ်ဦးချင်း ၎င်းတို့ပိုင်ဆိုင်သော လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) မူရင်းကို ဘဏ်သို့အပေါင် အဖြစ် ပေးအပ်၍ တောင်သူ တစ်ဦးချင်း ကိုယ်တိုင် အာမခံသည့် စနစ်ဖြင့် ထုတ်ချေးပေးမည် ဖြစ်ကြောင်း သိရသည်။

၂၀၁၉ မိုးချေးငွေ ထုတ်ချေးရေး ကာလအား မေလ မှ စက်တင်ဘာလကုန်ထိ ဖြစ်ပြီး ပြန်လည် ပေးဆပ်ရမည့် ကာလကို ၂၀၂၀ ခုနှစ် ၊ ဧပြီလ ၁၅ ရက် နောက်ဆုံးထား ပေးဆပ်ရမည် ဖြစ်ကြောင်း သိရသည်။

ယခု အစိုးရ ကာလ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စပါးချေးငွေ နှုန်းထားကို တစ်ဧက ကျပ် ၁ သိန်းမှ ၁ သိန်းခွဲသို့ လည်းကောင်း ၊ အခြားသီးနှံကို ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ကျပ် ၂ သောင်းမှ ၅ သောင်း သို့လည်းကောင်း ၊ ၂၀၁၈-၂၀၁၉ ခုနှစ်တွင် ကျပ် ၅ သောင်းမှ ၁ သိန်းသို့ လည်းကောင်း ချေးငွေ နှုန်းထား ၃ ကြိမ် တိုးမြှင့်ခဲ့ပြီး ဖြစ်ကြောင်း အသိပေး နှိုးဆော်ချက်တွင် ဖော်ပြထားသည်။(Xinhua)