ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် မရမ်ကထောင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ တရားမဝင်တင်ဆောင်လာသည့် ကျောက်စိမ်းအရိုင်းတုံး အရွယ်စုံ ပိဿာ ၁၀၀ကျော်အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) သတင်းမီဒီယာသမားများ အနေဖြင့် ဝေဖန်ထောက်ပြရာတွင် အပြုသဘောအမြင် ဖြစ်စေလိုသည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ယနေ့ ညနေပိုင်း၊ သမ္မတ အိမ်တော်၌ ပြောကြားခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၃ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်သက္ကယ်ကျင်း-ဖောင်းပြင်ကားလမ်းတွင် ဘုရားဖူးယာဉ်တစ်စီးတိမ်းမှောက်၍ လူတစ်ဦးသေဆုံးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ ပါဝင်ယှဉ်ပြိုင်ရမည့် AFC Cup 2019ဘောလုံး ပြိုင်ပွဲ အုပ်စု မဲခွဲမှုများ ထွက်ပေါ်လာခဲ့ရာ မြန်မာအသင်းများသည် အုပ်စု (စ)နှင့် အုပ်စု (ဆ)တို့တွင် ပါဝင်ယှဉ်ပြိုင်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ ၅ လက်မ ပတ်လည်ခန့်ရှိ ဆင်သားရေ ၂၉၀ ချပ် သိမ်းဆည်းရမိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်းဘူတာ၌ မြို့ပတ်ရထားမှ ရေတိုင်ကီရေဆူပြီး ပွင့်ထွက်မှုကြောင့် အမျိုးသမီး ၇ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် မိန်းကလေး(၃၈)ဦးအား ပြည်ပနိုင်ငံများသို့ အလုပ်လုပ်ကိုင်ရန် တရားမဝင်စုဆောင်းထားခြင်းတစ်ခုအား အရေးယူဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ ဖယ်ခုံ၊ ပင်လုံ၊ မိုင်းပွန်နှင့် မိုင်းပန်မြို့နယ်တို့တွင် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က ဘိန်းခင်းများ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၂ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ငွေကျပ်သိန်း ၂,၅၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မင်းပြားမြို့၏ အရှေ့ဘက် (၂၇) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၀.၄၀)၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၉)၊ ဗဟိုချက် အနက် (၁၀)ကီလိုမီတာခန့် ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.ဝ) အဆင့်ရှိ အင်အား အနည်းငယ်ရှိသော...