Connect with us

Politics, Law & Military

ရခိုင်ပြည်နယ်ဘူးသီးတောင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၄၀ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

သိမ်းဆည်းရမိသည့် သက်သေခံပစ္စည်းများအားတွေ့ရစဉ် (ဓာတ်ပုံ--မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ကစ္ဆပနဒီ စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက် စဉ် ဘူးသီးတောင်မြို့နယ်တွင် ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁,၁၄၀ သိန်းရှိ စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ မတ်လ ၅ ရက် ၂၃း၄၀ နာရီ တွင် ဘူးသီးတောင်မြို့နယ်၊ ကင်းချောင်းရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များ သည် ဘူးသီးတောင်မြို့နယ်၊ မြောင်းနားကျေးရွာအုပ်စု၊ မြောင်းနားကျေးရွာ၊ လယ်ကွင်းတွင် မသင်္ကာဖွယ်အထုပ် ၁ ထုပ်တွေ့ရှိကြောင်းသတင်းအရ ဘူးသီးတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ ပီနံအိတ်ထုပ်အတွင်းရှိ ခရီးဆောင်လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၅၇,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၁၄၀ သိန်း)အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ညောင်ချောင်းနယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးရမိ ရေး စုံစမ်းဆောင်ရွက် လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.