Connect with us

Education & Health

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၃ ဦး ဝင်ရောက်ဖြေဆို

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟို အကျဉ်းထောင် အားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)

ရန်ကုန်၊ မတ် ၇ ရက် (ဆင်ဟွာ)

မတ်လ ၆ ရက် တွင် စတင်ကျင်းပသည့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ အင်းစိန်ဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၃ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း အင်းစိန်ဗဟို အကျဉ်းထောင်မှ သိရသည်။

ထိုသို့ဖြေဆိုရာတွင် အင်းစိန်ဗဟို အကျဉ်းထောင်အတွင်းရှိ အမှတ် (၁၃) အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ) မှ အကျဉ်းသား ကျောင်းသား ၆၆ ဦး၊ အကျဉ်းသူ ကျောင်းသူသုံးဦး၊ အချုပ်သား ကျောင်းသား နှစ်ဦး၊ လွတ်မြောက်ပြီး ပြင်ပမှလာရောက်ဖြေဆိုသူနှစ်ဦး စုစုပေါင်း ၇၃ ဦး ရှိကြောင်း သိရသည်။

ယနေ့ စာမေးပွဲစတင်ဖြေဆိုရာတွင် အကျဉ်းဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးအေးသွင်၊ အင်းစိန်ဗဟိုအကျဉ်းထောင် တာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်တို့က အင်းစိန်မြို့နယ် စာစစ်ဌာနခွဲအဖြစ် ဖွင့်လှစ်ထားသည့် အကျဉ်းထောင် (အင်းစိန်)အတွင်းရှိ အမှတ်(၁၃) အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) သို့သွားရောက်၍ အကျဉ်းသား ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆို နေမှုကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲ လာရောက်ကြီးကြပ်သည့် ပြင်ပအခြေခံပညာကျောင်းများ မှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများနှင့် ဆရာ ဆရာမများ အား တွေ့ဆုံနှုတ်ဆက်၍ လိုအပ်သည်များကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့ကြ သည်။

အင်းစိန်ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူများအနေဖြင့် ၂၀၁၄ ခုနှစ်မှစတင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲများကို ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်မှု အနေဖြင့် အဆိုပါနှစ်တွင် နှစ်ဦး၊ ၂၀၁၅ ခုနှစ်တွင် ခုနစ်ဦး၊ ၂၀၁၆ ခုနှစ်တွင် ၁၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ကိုးဦး၊ ၂၀၁၈ ခုနှစ်တွင် ၁၉ ဦး စုစုပေါင်း ၄၈ ဦး အောင်မြင်ခဲ့ကြပြီး ဂုဏ်ထူးရှင်ကိုးဦး ထွက်ပေါ်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက် ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.