Connect with us

Environment, Disasters & Accidents

ကချင်ပြည်နယ်၊ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ လူငယ် ၆ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွား

ဗုံးသီးဟောင်းတစ်လုံးအားတွေ့ရစဉ် (ဓာတ်ပုံ--မြန်မာနိုင်ငံရဲတပ်ဖွဲ့)

ရန်ကုန်၊ မတ် ၆ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် မံစီမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ လူငယ် ၆ ဦး ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၅ ရက်နေ့ ၀၉း၃၀နာရီ တွင် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာ (၇)ရပ်ကွက်နေ မောင်ဆန်အောင်(၁၆)နှစ် ပါ ၆ ဦး(ကျား ၄၊ မ ၂)တို့သည် (၇)ရပ်ကွက် မံစီ-မံဝိန်းကြီး ကားလမ်းဘေး လယ်ကွင်း၌ နွားကျောင်းနေစဉ် သောင်းကျန်းသူများကျကျန်ခဲ့သည့် အီနာဂါဗုံးသီး ဟောင်း(သံချေးတက်) ၁ လုံးအား မောင်ဆန်အောင်မှ တွေ့ရှိ၍ ကောက်ယူခဲ့ပြီး ဆော့ကစားစဉ် လက်ထဲမှလွတ်ကျကာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးသီးပေါက်ကွဲမှုကြောင့် မောင်ဆန်အောင်ပါ ကျား ၂ ဦးတွင် ယာလက်ကောက်ဝတ်၊ ပေါင်၊ ခါး၊ ခြေသလုံး မိုင်းစထိမှန် ဒဏ်ရာများ(စိုးရိမ်ရ)၊ ဆွတ်ရိန်အောင်(၉)နှစ် ပါ၄ ဦး(ကျား ၂၊ မ ၂)တို့တွင် လည်ပင်း၊ ခါး၊ ခြေထောက်၊ လက်ခုံ မိုင်းစထိမှန် ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိ၍ မံဝိန်းကြီးကျေးလက်ကျန်းမာရေး ဆေးခန်းမှတစ်ဆင့် နမ့်ခမ်းမြို့နယ် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ကုသခဲ့ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.