ရန်ကုန် ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) မြန်မာ့ နိုင်ငံ ခေါင်းဆောင်များ ဖြစ်ကြသည့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် ၊ ဒုတိယ သမ္မတများ ဖြစ်ကြသည့် ဦးမြင့်ဆွေ ၊ ဦးဟန်နရီ ဗန်ထီးယူ ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ် ၊ အမျိုးသား...
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့၌ ၁ ပြားလျှင် ၂,၀၀၀ ကျပ်နှုန်းဖြင့် ကျပ်သိန်းပေါင်း ၁,၁၁၇,၀၀၀,၀၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြား ၅၅,၈၅၀ ပြားနှင့် ဘိန်းဖြူ ၄၈၄ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်သည် တစ်နှစ်တာအတွင်း မြန်မာနိုင်ငံ၌ နိုင်ငံရေး၊ စီးပွားရေး၊ ငြိမ်းချမ်းရေး စသည့် အခန်းကဏ္ဍကြီးများ၏ ပြောင်းလဲတိုးတက်မှုများ အရှိန်အဟုန်မြင့်မားခဲ့သည့် နှစ်တစ်နှစ်ဖြစ်ခဲ့သည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် မြန်မာနိုင်ငံပြည်သူများ လိုလားတောင့်တခဲ့သော ငြိမ်းချမ်းရေးအခန်းကဏ္ဍသည် လာမည့်နှစ်များအတွက် လားရာကောင်းများကို သယ်ဆောင်လာခဲ့သည်။ နိုင်ငံရေးလေ့လာသုံးသပ်သူများက ယခုတစ်နှစ်တာအတွင်း...
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ စမ်းကြီးဝရပ်ကွက်တွင် ဒီဇင်ဘာ ၂၉ ရက် နံနက် ၆နာရီ ၁၀မိနစ်က ရေခဲသေတ္တာအပူလွန်ကဲ၍ မီးစတင်လောင်ကျွမ်းခဲ့ရာ လူနေအိမ် ၈လုံးထိ ကူးစက်လောင်ကျွမ်းပြီး ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၁) ကြိမ်မြောက်ပုံမှန်အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်၌ စတင်ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်က ယနေ့ ထုတ်ပြန်ကြေညာချက်အရသိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) အထက်ဘီလူး ချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အားဝယ်ယူနိုင်ရေး အတွက် သဘောတူစာချုပ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းနှင့် စွမ်းအားသစ်အိုအေစစ် ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်တို့ အကြား လက်မှတ်ရေးထိုးပွဲ သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၃၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် သထုံမြို့၌ ဒီဇင်ဘာ ၂၉ ရက် နံနက်တွင် ဘုရားဖူးယာဉ် တိမ်းမှောက်မှုကြောင့် လူတစ်ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၇၁) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်း အသစ် (၃)မျိုးအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နှင့် ခွါညိုပန်းနှင့်မြင်းခင်းပွဲ အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်များအား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ...
ရန်ကုန် ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်း၌ စက်တင်ဘာလ ၁ ရက် မှ ဒီဇင်ဘာလ ၂၇ ရက်ထိ သတ်မှတ် မိုင်နှုန်းထက် ပိုမို မောင်းနှင် သော ယာဉ်အစီးရေ ၃၉,၀၀၆ စီးအား ဖမ်းဆီး အရေးယူထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏...
ရန်ကုန်၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၁,၂၀၀ တန်ဖိုးရှိ အိုက်စ်များ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။