Connect with us

Politics, Law & Military

ကချင်ပြည်နယ် မဘိမ်းမြို့နယ်နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ငွေကျပ် ၄၆,၂၄၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့အားမူးယစ်ဆေးဝါးများ နှင့် အတူတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ် မဘိမ်းမြို့နယ်နှင့် ရှမ်းပြည်နယ် မိုးမိတ်မြို့နယ်တွင် ငွေကျပ် ၄၆,၂၄၂ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာဇန်နဝါရီ ၁၉ ရက် ၁၆း၃၀ နာရီ တွင် မူးယစ်တပ်ဖွဲ့စု(၂၄)လားရှိုးမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုးမိတ်မြို့နယ် မိုးမိတ်-မဘိမ်းကားလမ်း၊ မိုင်တိုင်အမှတ်(၄/၃)အနီးတွင် …..မောင်းနှင် လာသည့် MITSUBISHI TRITON အမျိုးအစား မော်တော်ယာဉ်ကိုရှာဖွေရာ မော်တော်ယာဉ်၏ကြမ်းခင်းနှင့် ဘေးဘောင်အံဝှက်များအတွင်းမှ ဆပ်ပြာခွက် ၂၂၁ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၂ ဒသမ ၂၁ ကီလို၊ စိတ်ကြွသွပ်ဆေးပြား ၂၂ ဒသမ ၉ သိန်းနှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကွင်းဆက်အရ ၂၂း၁၀ နာရီတွင် ကချင်ပြည်နယ် မဘိမ်းမြို့နယ်၊ ဘဟဲကျေးရွာအုပ်စု၊ ပွေးတူး ကျေးရွာအနီးရှိ ရွှေလီ(၃)ရေအားလျှပ်စစ်စီမံကိန်း မြစ်ကူးတံတား၌ ကို–နှင့် မ….တို့အား MITSUBISHI PAJERO အမျိုးအစား မော်တော်ယာဉ်တစ်စီး၊ လက်ကိုင်ဖုန်းတစ်လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.