Connect with us

Culture & Entertainment

တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရေးရာကော်မတီများအနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိဟု ပြည်ထောင်စုဝန်ကြီးဆို

တိုင်းရင်းသား လူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး ဆွေးနွေးနေစဉ်(MOI)

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)

တိုင်းရင်းသားတို့၏ စာပေနှင့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ရေးရာကော်မတီများ အနေဖြင့် လွတ်လပ်စွာ ဆောင်ရွက်ခွင့်ရှိကြောင်း ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံစဉ် တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပြောကြားသည်။

တိုင်းရင်းသားအနေဖြင့် မိမိတို့၏ ကောင်းမွန်သည့် ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံစံများကို ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ တစ်ဆက်တည်းမှာပင် ခေတ်နှင့်အညီ တိုင်းရင်းသားအားလုံးက လိုက်ပါတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ဝန်ကြီးကဆိုသည်။

ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားများ အနေဖြင့် တိုင်းရင်းသား အရေးအရာ ကိစ္စရပ်များကို သက်ဆိုင်ရာ တိုင်းရင်းသားရေးရာ ဝန်ကြီးများနှင့် ညှိနှိုင်းဆွေးနွေး တိုင်ပင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံအတွင်းရှိ တိုင်းရင်းသား လူမျိုးတိုင်း၊ လူမျိုးတိုင်း ဘုံသဘောတူညီမှု ရအောင် ညှိနှိုင်းဆောင်ရွက်နိုင်မှသာ ထာဝရငြိမ်းချမ်း ဖွံ့ဖြိုးသည့် နိုင်ငံတစ်ခုဖြစ် လာမည်ဖြစ်ပြီး မိမိတို့ ရည်မှန်းချက်များလည်း ပြည့်မီမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်သည် ဇန်နဝါရီ ၂၀ရက်တွင် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ပြည်နယ် အစိုးရအဖွဲ့ရုံး၊ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ တွေ့ဆုံ၍ တိုင်းရင်းသားရေးရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ချုပ်၊ လာချိဒ်၊ လော်ဝေါ်၊ ဇိုင်းဝါး၊ လီဆူနှင့် ရဝမ် စာပေနှင့်ယဉ်ကျေးမှုကော်မတီများ၊ ရှမ်းမျိုးနွယ်စုဝင် တိုင်းခမ်း တီ၊ တိုင်းလေ၊ တိုင်းလုံနှင့် တိုင်းလိုင်စာပေ ယဉ်ကျေးမှု ကော်မတီများနှင့် ဗမာတိုင်းရင်းသား စာပေ နှင့် ယဉ်ကျေးမှု ကော်မတီမှ တာဝန်ရှိသူများက တိုင်းရင်းသား စာပေသင်ကြားရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ပညာရေး ဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် ပေးရန် ကိစ္စရပ်များ၊ ရိုးရာစာပေနှင့်ယဉ် ကျေးမှုရုံးများ ဖွင့်လှစ်ရန် ကိစ္စရပ်များနှင့် ရေးရာကော်မတီများအတွက် ကူညီထောက်ပံ့ပေးရေး ကိစ္စရပ်များကို တင်ပြဆွေးနွေး ခဲ့ကြကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.