ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်အတွင်း မြေပြင်တွင် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းများကို အဆင့်ဆင့် ဆောင်ရွက်နေကြာင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဇန်နဝါရီ ၂၉ ရက်နေ့တွင် ပြောကြားသည်။
ရန်ကုန်၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ) နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဆားဘီးယားသမ္မတနိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Ivica Dacic တို့တွေ့ဆုံပြီး နှစ်နိုင်ငံဆက်ဆံရေးနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တွင်ကျင်းပလျက်ရှိသော “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ပွဲတော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ တိုင်းရင်းသား အလှမယ်ပြိုင်ပွဲ၌ (Miss Ethnic Myanmar 2019 )winnerရရှိသော ကချင်တိုင်းရင်းသားကိုယ်စားလှယ် အလှမယ် M Ja Sengသည် သိန်း ၅၀တန် ရှစ်ပါးရတနာ သရဖူဆုကို...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဖျာပုံခရိုင်၊ ကျိုက်လတ် မြို့နယ်၊ (၅)ရပ်ကွက် ကျိုက်လတ်-မော်လမြိုင်ကျွန်းကားလမ်း မိုင်တိုင်(၁/ဝ-၁)ကြား၌ ထော်လာဂျီယာဉ်တိမ်းမှောက်ပြီး လူ ၂၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ပြည်ထောင်စု အစိုးရအဖွဲ့က ပေးပို့သော ၂၀၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ ခြောက်လ အတွင်း အခွန်ကောက်ခံ ရရှိမှုမှာ မူလ လျာထားချက်ထက် ၁၂၂ ဒသမ ၆၅ ရာခိုင်နှုန်း ပိုမိုကြောင်း ပြည်ထောင်စု လွှတ်တော် ပြည်သူ့ ငွေစာရင်း...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) စစ်ကိုင်းမြို့နယ် ကျောက်တာကျေးရွာအုပ်စု တောင်ညိုရွာသစ်ကျေးရွာတွင် ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက ကျောက်ဆွေးမြေများတူးရာမှ မြေပြိုကျမှု ဖြစ်ပွားပြီး သုံးဦးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်
နေပြည်တော်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရန် ကော်မတီဖွဲ့ရေး အဆိုကို ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်း အဝေးတွင် မကွေးတိုင်းဒေသကြီး အမဲဆန္ဒနယ် အမှတ်(၄) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က တင်သွင်းခဲ့ပြီး ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရေးအတွက်...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗီယက်နမ် ဆိုရှယ်လစ် သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ်၏ အထူးကိုယ်စားလှယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး မစ္စတာ ငုယင် ကွတ်ဇွန်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့ ဇန်နဝါရီ ၂၈ရက် မွန်းလွဲ ၃...
ရန်ကုန်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် မောင်တောမြို့၌ ဇန်နဝါရီလ ၂၈ ရက် နံနက် ၇ နာရီခွဲခန့်တွင် ကျပ် သိန်း ၆၀၀၀ကျော် တန်ဖိုးရှိ စိတ်ကြွဆေးပြား ၃၀၂၂၅၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် မသန်စွမ်းသူဦးရေ ၁ ဒသမ ၂ သန်း ခန့်ရှိကြောင်း ဇန်နဝါရီ ၂၈ရက်တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် ဒေသတွင်း မသန်စွမ်းသူများ အခွင့််အရေး ဆိုင်ရာဆွေးနွေးပွဲ၌ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက...