ရန်ကုန်၊အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့တွင် သိန်း၂၀၀ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၈ဝဝ ပြား ဖမ်းမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် အောက်တိုဘာ ၁၂ရက်ညပိုင်းက တရားမဝင်သစ် တန် ၅၀ ဖမ်းဆီးရမိကြောင်း သစ်တောဦးစီးဌာနက ထုတ်ပြန်သောသတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) နိုင်ငံတော်အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (NCA-S EAO) အကြိုညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန(NRPC) ၌ ကျင်းပခဲ့ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁၄ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်၂ဝ၁၇-၂ဝ၁၈ ခုနှစ်အတွင်း သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှုပေါင်း ၂၅ဝဝကျော်ရှိခဲ့ပြီး လူဦးရေ ၅သိန်းကျော် ဘေး ဒုက္ခခံစားခဲ့ရကြောင်း ၂၀၁၈ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့အထိမ်းအမှတ် အခမ်း အနားတွင် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူက ပြောကြားသည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၃(ဆင်ဟွာ) ရန်ကုန်မြို့၊သုဝဏ္ဏအားကစားကွင်း တွင် ယနေ့ညနေ ၆ နာရီတွင်ကျင်းပခဲ့သောမြန်မာ့လက်ရွေးစင်အသင်းနှင့်တောင်အမေရိကအသင်းတစ်သင်းဖြစ်သော ဘိုလီးဗီးယားလက်ရွေးစင်အသင်းတို့၏ ချစ်ကြည်ရေးခြေစမ်းပွဲတွင် ဘိုလီးဗီယား လက်ရွေးစင်အသင်းက သုံးဂိုး-ဂိုးမရှိဖြင့်အနိုင်ယူသွားခဲ့သည်။
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) ရေပူ နှင့် မရမ်းချောင် အမြဲတမ်း စစ်ဆေးရေး စခန်းများတွင် တင်သွင်း၊ တင်ပို့သော ကုန်ပစ္စည်း များကို စစ်ဆေးမှု ပြုလုပ် ဆောင်ရွက်လျက်ရှိရာ စုစုပေါင်း တားဆီးမှု ရှစ်မှုမှ ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၄၃ ဒသမ ၄၁...
ရန်ကုန် ၊ အောက်တိုဘာ ၁၃ ရက်(ဆင်ဟွာ) လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၎င်း၏ဝက်ဘ်ဆိုက် www.icoe-myanmar.org ကို ၂ဝ၁၈ ခုနှစ်၊ အောက်တို ဘာလ ၁၃ ရက်မှ စတင်၍ စတင် ထုတ်လွှင့် လိုက်ကြောင်း လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်ရုံးမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) ဆက်သွယ်ရေးညွှန်ကြားမှုှုဦးစီးဌာနမှ ရေးစွဲလျက်ရှိသည့် အီလက်ထရောနစ်လိပ်စာများနှင့်စပ်လျဉ်း၍ Electronic Addressing Plan ဒုတိယမူကြမ်းအား အကြံပြုချက်များ၊ သဘောထားမှတ်ချက်များရှိပါက မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် (၂၅ -၁၀-၂၀၁၈) ရက်နေ့ နောက်ဆုံး ထား၍ ရုံးချိန်အတွင်း ဆက်သွယ်ရေးညွှန်ကြားမှုှုဦးစီးဌာနသို့ ပေးပို့နိုင်ကြောင်း ယနေ့...
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၌ 3A/×××× ဒိုင်နာ ၆ ဘီးယာဉ် တိမ်းမှောက်မှုကြောင့် ၁ ဦးသေ၊ ၂၁ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ ထမံသီမြို့၏ အနောက်ဘက် (၁၂) မိုင်ခန့် အကွာ မြောက်လတ္တီတွဒ် (၂၅.၃၄)၊ အရှေ့လောင်ဂျီတွဒ် (၉၅.၁၀)၊ အနက် (၁၀)ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အား ရစ်တာစကေး (၄.ဝ)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွား ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန...