Connect with us

Politics, Law & Military

နယ်စပ်ဒုက္ခသည်စခန်း နှစ်ခုမှ ဌာနေတိုင်းရင်းသား ၁၁,၉၆၃ဦး ပြန်လည်ဝင်ရောက်ရန် စာရင်းရရှိထားဟုဆို

ကယားပြည်နယ်အတွင်း ထောက်ပံ့ငွေပေးအပ်လှုဒါန်းပွဲအခမ်းအနား ကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက်(ဆင်ဟွာ)

နယ်စပ်ဒုက္ခသည်စခန်း နှစ်ခုမှ ဌာနေတိုင်းရင်းသား ၁၁,၉၆၃ဦး ပြန်လည်ဝင်ရောက်ရန် စာရင်းရရှိထားကြောင်း ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောကြားသည်။

ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာ သူများ ပြန်လည်နေရာချထားပေးရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများအတွက် လုပ်ငန်းစီမံချက် ညှိနှိုင်းအစည်းအဝေး၌ ၎င်းကအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံ၊ ဘန့်မယ် နန်းဆွယ် စခန်းနှင့် မယ်စူရင်း စခန်းများသို့ အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနက် မိမိသဘော ဆန္ဒအလျောက်နေရပ် ပြန်လည်ဝင်ရောက် လာသူများကို ကယား ပြည်နယ်အတွင်း ပြန်လည်အခြေချ နေထိုင်နိုင်ရေးအတွက် ပြည်နယ်အစိုးရနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားလုပ်ငန်းများတွင် မိမိတို့ ဝန်ကြီးဌာနအပြင် သက်ဆိုင်ရာ ဝန်ကြီးဌာနများကပါ ပူးပေါင်းပါဝင်ရမည် ဖြစ်ကြောင်း၊ ပြန်လည်နေရာ ချထားပေးရေး စီမံချက်များတွင် ပြန်လည်ဝင်ရောက်လာသူများ၏ ပကတိ အခြေအနေများေ ပါ် မူတည်၍ ဆောင်ရွက်ပေးနိုင်ရေးအတွက် ပြန်လည် ဝင်ရောက်လာသူများ၏ မိသားစုအခြေအနေ၊ ပြန်လည်နေရာ ချထားမည့် အစီအစဉ် အသေးစိတ်ကို ကြိုတင်ညှိနှိုင်း ထားရမည်ဖြစ်ကြောင်း၊ ယခုကယားပြည်နယ် နေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားပေး နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များ အနေဖြင့် လုပ်ထုံး လုပ်နည်းများနှင့် အညီဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြစေ လိုကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ကယားပြည်နယ်အတွင်း မိခင်ဝိုင်းများ တို့ချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ထောက်ပံ့ကြေးငွေ ကျပ် (၃,၅၂၈,၁၀၀) သိန်း၊ ၂၀၁၈ – ၂၀၁၉ ဘဏ္ဍာနှစ်၊ ပထမ(၃)လ ပတ်ကာလအတွက် အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွား (၅၁၆)ဦးအတွက် လူမှုရေး ပင်စင် ထောက်ပံ့ငွေ (၁၅,၄၈၀, ၀၀၀) ကျပ်၊ ကယားပြည်နယ်အတွင်းရှိ လူမှုရေး လုပ်ငန်း များ ဆောင်ရွက်နေသည့် လူမှုရေးအသင်း (၅)သင်းအတွက် ထောက်ပံ့ငွေကျပ် (၁၅)သိန်း၊ ကယားပြည်နယ်အတွင်းရှိ မိုင်းကြောင့် ထိခိုက်ဒဏ်ရာရသူ မသန်စွမ်း (၇၈)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၅,၆၀၀,၀၀၀) သိန်းအား ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့က အသီးသီး ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.