Connect with us

Sport

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲ ဖွင့်လှစ်


နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

(၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယနေ့ ညနေပိုင်း၌ ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဖွင့်လှစ်ပေးခဲ့သည်။

အဆိုပါ ဖွင့်ပွဲသို့ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ လွှတ်တော်အမတ်များ၊ အရှေ့တောင် အာရှ တက္ကသိုလ်များ အားကစား ကောင်စီ (AUSC) အထွေထွေအတွင်းရေးမှူး နှင့် တာဝန်ခံများ၊ နိုင်ငံတကာမှ ဒိုင်လူကြီးများ၊ ပါဝင်ယှဉ်ပြိုင်ကြသော အရှေ့တောင်အာရှ ၁၁ နိုင်ငံတို့မှ အားကစား အဖွဲ့ခေါင်းဆောင်များ၊ အားကစားသမားများ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲ အစပိုင်းတွင် နိုင်ငံကျော် တေးသံရှင်များက ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

နိုင်ငံကျော် အနုပညာရှင်များက ဖျော်ဖြေတင်ဆက်ကြစဉ် (ဆင်ဟွာ)

အားကစားသမားများ ဖွင့်ပွဲကွင်းအတွင်း နေရာယူကြစဉ် (ဆင်ဟွာ)

အားကစားသမားများ ဖွင့်ပွဲကွင်းအတွင်း နေရာယူကြစဉ် (ဆင်ဟွာ)

ပြိုင်ပွဲ ကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဌ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ကောင်စီ (AUSC) အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanif ကျေးဇူးတင်စကား ပြောကြားစဉ် (ဆင်ဟွာ)

ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ အဖွင့်မိန့်ခွန်း ပြောကြားပြီး ပြိုင်ပွဲအား ဖွင့်လှစ်ပေးစဉ် (ဆင်ဟွာ)

အားကစားသမားများ ကိုယ်စားနှင့် ဒိုင်လူကြီးများ ကိုယ်စား သစ္စာ အဓိဌာန် ပြုကြစဉ် (ဆင်ဟွာ)

မီးထွန်းညှိတိုင်အား လက်ဆင့်ကမ်း သယ်ယူ၍ မီးကူးထွန်းညှိစဉ် (ဆင်ဟွာ)

အခမ်းအနားကို အမှတ်စဉ် ရေတွက်သည့် Countdown စနစ်ဖြင့်စတင်ခဲ့ပြီး ယဉ်ကျေးမှု တက္ကသိုလ်မှအနုပညာရှင်များက “ ဒါ မြန်မာ” သီချင်းဖြင့် တင်ဆက်ခဲ့ကြသည်။ ထို့နောက် မြန်မာနိုင်ငံ အလံ၊ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ကောင်စီ အလံနှင့် (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား အလံတို့ကို လွှင့်တင်ပြီး (၁၉)ကြိမ်မြောက် အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ပြိုင်ပွဲကျင်းပရေး ကော်မတီ ဒုတိယ ဥက္ကဌကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မြင့်ထွေးက ပြိုင်ပွဲ ဆိုင်ရာ အခြေအနေများ ရှင်းလင်းပြောကြားခြင်း၊ အရှေ့တောင်အာရှ တက္ကသိုလ်များ အားကစား ကောင်စီ (AUSC) အထွေထွေအတွင်းရေးမှူး Mr. Muhamad Mohd Hanif ကျေးဇူးတင်စကား ပြောကြားခြင်းတို့ အပြီးတွင် ပြိုင်ပွဲ ကျင်းပရေး ဦးစီးကော်မတီ နာယက ဒုတိယ သမ္မတ ဦးမြင့်ဆွေ အဖွင့်မိန့်ခွန်း ပြောကြားကာ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့ခြင်း ဖြစ်သည်။

ထို့နောက် အားကစားသမား တစ်ဦးနှင့် ဒိုင်လူကြီးတစ်ဦးတို့က အားကစားသမားများနှင့် ဒိုင်လူကြီး များ ကိုယ်စား သစ္စာ အဓိဌာန်ပြုခြင်း၊ မီးထွန်းညှိတိုင်အား လက်ဆင့်ကမ်း သယ်ယူ၍ မီးကူးထွန်း ညှိခြင်းတို့ကို ဆက်လက် ဆောင်ရွက်ခဲ့ကြသည်။ အားကစား ပြိုင်ပွဲများကို ဖွင့် ပွဲမတိုင်မီ နှစ်ရက်ကတည်းက စတင်ကျင်းပခဲ့ရာ ယနေ့ ညနေ ၆ း ၃၀ နာရီအထိ ပြိုင်ပွဲဝင် နိုင်ငံများ၏ ရရှိထားသော ဆုတံဆိပ်များမှာ မြန်မာအသင်းက ရှစ်ခု (ရွှေ – ၅ ခု၊ ငွေ နှစ်ခု၊ ကြေး တစ်ခု)၊ အင်ဒိုနီးရှားက သုံးခု(ရွှေ – နှစ်ခု၊ ကြေး-တစ်ခု)၊ မလေးရှားက ခုနစ်ခု(ရွှေ – တစ်ခု၊ငွေ – ငါးခု၊ ကြေး-တစ်ခု)၊ လာအိုက နှစ်ခု (ရွှေ – တစ်ခု၊ ငွေ- တစ်ခု)၊ ထိုင်းက လေးခု(ရွှေ – တစ်ခု၊ ကြေး – သုံးခု)၊ စင်ကာပူက နှစ်ခု (ရွှေ – တစ်ခု၊ ကြေး – တစ်ခု) အသီးသီးဖြစ်ကြောင်း သိရသည်။ (Xinhua)