Connect with us

Politics, Law & Military

ကျပ်သိန်း ၇၂,၄၅၁ တန်ဖိုးရှိ ဘိန်းဖြူ/ဘိန်းညိုမှုန့် ၃၆၉.၈၀၄ ကီလိုဂရမ် အား ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၌ဖမ်းဆီးရမိ

ဖမ်းဆီးရမိသူတို့ နှင့် အတူ ဘိန်းဖြူ/ဘိန်းညိုမှုန့် တို့အားတွေ့ရစဉ် (ဓာတ်ပုံ-- ရဲဇာနည်)

ရန်ကုန်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်မြို့နယ်၌ ဘိန်းဖြူ/ဘိန်းညိုမှုန့် ၃၆၉.၈၀၄ ကီလိုဂရမ် (၁ ကီလိုလျှင် ကျပ် ၁၅၀ သိန်းနှုန်းဖြင့် ကျပ်သိန်း ၇၂,၄၅၁ တန်ဖိုးရှိ)အား ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက် ည ၁၁ နာရီခန့်တွင် ပူးပေါင်းအဖွဲ့မှ လွိုင်လင်မြို့နယ်၊ ပန်ခေါက်ပိုးကျေးရွာ ဘုန်းကြီးကျောင်းရှေ့တွင် နမ့်စန်မြို့ဘက်မှ လွိုင်လင်မြို့ဘက်သို့ ယာဉ်မောင်း လင်းလင်း ပါ၂ ဦးလိုက်ပါလာသည့် SHN 5G/——- ISUZU ၁၂ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နောက်ခန်းရှိ ပီနံအိတ် ၆၂ အိတ်အတွင်းမှ ဆပ်ပြာခွက် ၁၀,၇၀၀ ခွက်ဖြင့်ထည့်ထားသည့် ဘိန်းဖြူ ၁၁၇.၇ ကီလိုဂရမ်၊ ဘိန်းဖြူဘလောက်တုံး ၁၅၆ တုံး ၅၂.၁၀၄ ကီလိုဂရမ်၊ ဘိန်းဖြူစုစုပေါင်း ၁၆၉.၈၀၄ ကီလိုဂရမ် ( ၁ ကီလိုလျှင် ကျပ် ၂၅၀ သိန်းနှုန်းဖြင့် ကျပ် ၄၂,၄၅၁ သိန်း)၊ ဘိန်းညိုမှုန့် ၂၀၀ ကီလိုဂရမ် (၁ ကီလိုလျှင် ကျပ် ၁၅၀ သိန်းနှုန်းဖြင့် ကျပ် ၃၀,၀၀၀ သိန်း)တို့အား ဖမ်းဆီးရမိခဲ့သဖြင့် လွိုင်လင် မြို့မရဲစခန်း မူးယစ်(ပ)၂၆/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)