Connect with us

Politics, Law & Military

မူဆယ် မြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိ

မူဆယ်မြို့တွင် ဖမ်းဆီးရမိသော ထိန်းချုပ်ဓာတုပစ္စည်းများအားတွေ့ရစဉ်(ဓာတ်ပုံ-CCDAC)

ရန်ကုန်၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

မူဆယ် မြို့နယ်တွင် ငွေကျပ် သိန်း ၂၀၀၀ ကျော်တန်ဖိုးရှိ ထိန်းချုပ်ဓါတုပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဗဟ်ုကော်မတီက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

မူဆယ်-လားရှိုးသွား ပြည်ထောင်စုကားလမ်းမကြီးပေါ်တွင် ရှောင်တခင်ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ် မူဆယ်မြို့ဘက်မှ လားရှိုးမြို့ဘက်သို့မောင်းနှင်လာသည့် တွဲကားမော်တော်ယာဉ် ၂ စီးအား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်တစ်စီးပေါ်တွင် သံပီပါ ၂၅ လုံးဖြင့်ထည့်ထားသည့် အီသိုင်း/အီသာ ၄၀၀၀ လီတာ၊ ပလတ်စတစ်ပီပါ ၄၅ လုံးဖြင့်ထည့်ထားသည့် ဟိုက်ဒြိုကလိုရစ်အက်ဆစ် ၇၂၀၀ လီတာ၊ ပီနံအိတ် ၇၀ အိတ်ဖြင့် ထည့်ထားသည့် အလူမီနီယမ်ဆာလ်ဖိတ် ၂၈၀၀ ကီလို၊ စက္ကူဂျပ်ဖာ ၁၅ ဖာအတွင်းမှ ပုလင်း ၃၀၀ ဖြင့်ထည့်ထား သည့် အက်စီတစ်အက်ဆစ် ၁၅၀ လီတာ၊ ပလတ်စတစ်ပုံး ၃၇၀ ပုံးဖြင့်ထည့်ထားသည့် ဆိုဒီယမ်ဟိုက်ဒြောဆိုက် ၅၉၂၀ လီတာနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်းကောင်း၊နောက်ထပ် ယာဉ်တစ်စီးပေမှ သံပီပါ ၅၀ လုံးဖြင့်ထည့်ထားသည့် အီသိုင်း/အီသာ ၈၀၀၀ လီတာ၊ ပီနံအိတ် ၁၀၀ အိတ်ဖြင့် ထည့်ထားသည့် ဖီနိုင်းအက်စီတစ် ၄၀၀၀ ကီလို၊ ပီနံအိတ် ၅၀ အိတ်ဖြင့်ထည့်ထားသည့် အလူမီနီယမ်ဆာလ်ဖိတ် ၂၀၀၀ ကီလို၊ ပီနံအိတ် ၂၅ အိတ်ဖြင့်ထည့်ထားသည့် အရိုးမီးသွေး ၅၀၀ ကီလို၊ ပလတ်စတစ်ပုံး ၂၂၀ ပုံးဖြင့်ထည့် ထားသည့် ဆိုဒီယမ်ဟိုက်ဒြောဆိုဒ် ၃၅၂၀ လီတာနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်နှစ်စီးပေါ်မှ အီသိုင်း/အီသာ ၁၂၀၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၅၀၀ သိန်း)၊ ဟိုက်ဒြိုကလိုရစ် အက်ဆစ် ၇၂၀၀ လီတာ(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၅၇၆ သိန်း)၊ အလူမီနီယမ် ဆာလ်ဖိတ် ၄၈၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၁.၁၂ သိန်း)၊ အက်စီတစ်အက်ဆစ် ၁၅၀ လီတာ(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေကျပ် ၃ သိန်း)၊ ဆိုဒီယမ်ဟိုက်ဒြောဆိုဒ် ၉၄၄၀ လီတာ (ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၃၇.၇၆ သိန်း)၊ ဖီနိုင်းအက်စီတစ် ၄၀၀၀ ကီလို(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၂ဝဝ သိန်း)၊ အရိုးမီးသွေး ၅၀၀ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၅ သိန်း)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် မူဆယ် မြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.