ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၌ ရွှေအင်းလုပ်သား ၃ ဦး ရေနစ်ရာမှ ၁ ဦးသေဆုံး၍ ၂ ဦး ပျောက်ဆုံးမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) စစ်တောင်းမြစ်ရေသည် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၂)ပေခန့်တွင် ရောက်ရှိနေကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) လေဆိပ် ငါးခုတွင် ခရီးသွား အချက်အလက် စစ်ဆေးရေး အဆင့်မြင့် စက် (MRTDs:_Machine Readable Travel Documents) များ တပ်ဆင်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံဗဟိုဘဏ် ဥက္ကဋ္ဌနေရာကို လက်ရှိ ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်ကို ဆက်လက်ခန့်အပ်ရန် နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော်သို့ အဆိုပြုခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့တွင် မိုးများ သည်းထန်စွာ ရွာသွန်းမှုကြောင့် ပဲခူးမြစ်ရေသည် စိုးရိမ်ရေအမှတ် ၈၈၀ စင်တီမီတာသို့ ကျော်လွန်၍ ပဲခူးမြို့ အနိမ့်ပိုင်းရပ်ကွက်များဖြစ်သော မဇင်း၊ ကျွန်းသာယာ၊ ကလျာဏီ၊ ဇိုင်းဂနိုင်း (တောင်၊ မြောက်)၊ ကျောက်ကြီးစု ရပ်ကွက်များသို့ ရေများဝင်ရောက်...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) ဘီးလင်းမြစ်ရေ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်၍ ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်း ရေကျော်နေမှုအား အန္တရာယ်မဖြစ်ပေါ်ရေးဆောင်ရွက်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မိုးများ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် စစ်တောင်းမြစ်ရေ မြင့်တက်၍ မဒေါက်မြို့၌ လူနေအိမ်များ ရေနစ်မြုပ်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၆ ရက်(ဆင်ဟွာ) သြဂုတ်လ ၁ ရက်တွင် ကျင်းပမည့် ၁၇ ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေ သိန်းဆု ဖွင့်ပွဲ တွင် ဆုမဲ ပေါင်း ၁၂၄,၁၈၂ ဆု အတွက် ထီဆုငွေ ကျပ်သန်းပေါင်း ၁၁,၀၄၅.၄၃၀...
ရန်ကုန်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်းရှိ စစ်ကိုင်း တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီး တို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး လူဦးရေ နှစ်သောင်းကျော် ရေဘေးသင့်နေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရသိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) တောင်ငူမြို့၏ အရှေ့မြောက်ဘက် ၃၃မိုင်အကွာတွင် ယနေ့ ည၈နာရီ ၅၃ မိနစ် က အင်အား ၄.၂အဆင့်ရှိ မြေငလျင်လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှထုတ်ပြန်သော သတင်းအရ သိရသည်။