Connect with us

Science & Technology

ဆက်သွယ်ရေးညွှန်ကြားမှုှုဦးစီးဌာနမှ ရေးစွဲလျက်ရှိသည့် အီလက်ထရောနစ်လိပ်စာများနှင့်စပ်လျဉ်း၍ Electronic Addressing Plan ဒုတိယမူကြမ်းအား အကြံပြုချက်ပေးပို့နိုင်

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၁၂ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးညွှန်ကြားမှုှုဦးစီးဌာနမှ ရေးစွဲလျက်ရှိသည့် အီလက်ထရောနစ်လိပ်စာများနှင့်စပ်လျဉ်း၍ Electronic Addressing Plan ဒုတိယမူကြမ်းအား အကြံပြုချက်များ၊ သဘောထားမှတ်ချက်များရှိပါက မြန်မာဘာသာ (သို့မဟုတ်) အင်္ဂလိပ်ဘာသာဖြင့် (၂၅ -၁၀-၂၀၁၈) ရက်နေ့ နောက်ဆုံး ထား၍ ရုံးချိန်အတွင်း ဆက်သွယ်ရေးညွှန်ကြားမှုှုဦးစီးဌာနသို့ ပေးပို့နိုင်ကြောင်း ယနေ့ သတင်းထုတ်ပြန်သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် ဆက်သွယ်ရေးဥပဒေ အခန်း(၇) ၊ ပုဒ်မ (၂၁) ၊ (၂၂) နှင့် (၂၃) ပါပြဋ္ဌာန်းချက်များအရ အီလက်ထရောနစ်လိပ်စာများဖြစ်သည့် Public IP Address ၊ Autonomous System (AS) Number နှင့် Domain Name တို့နှင့် စပ်လျဉ်း၍ စိစစ်ကြီးကြပ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်းများအား ဆောင်ရွက်ရမည် ဖြစ်သည်နှင့်အညီ အီလက်ထရောနစ်လိပ်စာများနှင့်စပ်လျဉ်း၍ Electronic Addressing Plan (EAP) တစ်ခုအား ရေးဆွဲလျက်ရှိရာ အဆိုပါ EAP နှင့်စပ်လျဉ်း၍ အများပြည်သူ သဘောထားတောင်းခံခြင်းကို (၅.၇.၂၀၁၈) ရက်နေ့တွင် ပထမအကြိမ် ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပထမအကြိမ် အများပြည်သူသဘောထားတောင်းခံချက်မှ ရရှိလာသည့် အကြံပြုချက်များနှင့် သဘောထားမှတ်ချက်များအား စိစစ်၍ လိုအပ်သည်များ ထည့်သွင်း ပြင်ဆင်ထားသည့် EAP(မူကြမ်း)အား ဒုတိယအကြိမ် အများပြည်သူသဘောထားတောင်းခံခြင်းဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ၏ ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

အကြံပြုချက်အား ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရုံးအမှတ်(၂)၊ နေပြည်တော်၊E-mail: [email protected], [email protected] သို့ပေးပို့နိုင်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.