ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ တတိယ (၁၀) ရက်ပတ်တွင် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်း ၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပြီး၊ ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် သံတမန်လမ်းရှိ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေး အဖွဲ့ရုံးသို့ ရောက်ရှိပြီး အဖွဲ့ဥက္ကဋ္ဌ အငြိမ်းစားသံအမတ်ကြီး ဦးညွန့်မောင်ရှိန်...
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) သရုပ်ဆောင် သီဟတင်စိုးအပေါ် မုဒိမ်းမှုဖြင့် အရေးယူရန် တိုင်တန်းသူနှင့် ပူးပေါင်းသူ နှစ်ဦးကို လီဆယ်တိုင်တန်းသဖြင့် ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ ထုတ်ပြန်လိုက်သည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ) နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်း သံရုံးများနှင့် ပိုမိုထိတွေ့ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ညွှန်ကြားခဲ့ကြောင်း နိုင်ငံခြားရေးရာဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့ ၏ အနောက်မြောက်ဘက် (၅)မိုင် ခန့်အကွာ မြောက်လတ္တီတွဒ် (၂၂.၁၁) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၄.၈၄) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်တာစကေး(၄.၃)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ...
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) မောင်တောမြို့နယ်၊ ပေါင်းဇားချောင်းဝကင်းစခန်းအနီးရှိ ဘင်္ဂလားဒေ့ရှ်-မြန်မာနှစ်နိုင်ငံ နယ်စပ်ခြံစည်းရိုး တိုင်အမှတ် ၅၂၀ ၌ ဇူလိုင် ၁၆ ရက် ညနေ ၄ နာရီခန့်တွင် နယ်စပ်ခြံစည်းရိုးကျော်တက်ဝင်ရောက်လာသူ ၂ ဦး အား ဖမ်းဆီးခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ ဇူလိုင်လ ၁၆ ရက် ညနေ ၅ နာရီက မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေ၏ သာမန်မြစ်ရေအထက် ၁၈ ပေ ၁ လက်မအထိ ကျော်လွန်ရောက်နေပြီ ဖြစ်သဖြင့် မြေနိမ့်ပိုင်းနေရာများနှင့်ကျေးရွာ အချို့ရေကြီးနစ်မြုပ်လျက် ရှိကြောင်း...
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က Dr. Surakiart Sathirahai ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည် ဖော် ဆောင်ရွက်ရေးကော်မတီ အကြံပေးအဖွဲ့အား ယနေ့ နံနက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌တွေ့ဆုံဆွေးနွေး ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော...
နေပြည်တော်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) နိုင်ငံတော် ငါးလုပ်ငန်း စဉ်ဆက်မပြတ်ဖွံ့ဖြိုးစေရေးအတွက် ငါးအပါအဝင် ရေသယံဇာတများကို စဉ်ဆက်မပြတ် ပွားများစေရန် ထိန်းသိမ်းသွားမည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်မော်က ယနေ့ ပြောကြားခဲ့သည်။
ရန်ကုန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ၊ မဟာအစပထမ ကုမ္ပဏီ လုပ်ကွက်ဟောင်းအတွင်း ကမ်းပါးပြိုကျမှုကြောင့် အလောင်းပြန်လည်တွေ့ရှိသူ ၁၇ဦးထိရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကထုတ်ပြန်သော သတင်းအရ သိရသည်။