Connect with us

Education & Health

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း နှင့် ပတ်သက်သည့် အသိပေးကြေညာချက်ထုတ်ပြန်

သုံးစွဲရန်မသင့်သည့် အလှကုန်ပစ္စည်း နှင့် ပတ်သက်သည့် အသိပေးကြေညာချက်အားတွေ့ရစဉ် (ဓာတ်ပုံ-- ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်း တင်ထားခြင်းမရှိသည့် အလှကုန်ပစ္စည်း(၄)မျိုးသည် ကျန်းမာရေးအတွက် ဘေးအန္တရာယ် ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်ချက်အား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ယနေ့ထုတ်ပြန်သည်။

၎င်းအလှကုန်များမှာ ထိုင်းဘာသာဖြင့် ဖော်ပြထားသည့် Polla Anti Melasma Cream ၊ Enjoy White & Beauty Cream ၊ GOGUN Whiting Pearl and Snowlotus Cream နှင့် Removing Cream တို့ ဖြစ်ကြသည်။

တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွားနိုင်ကြောင်း သိရသည်။

အလှကုန်ပစ္စည်း တင်သွင်း ဖြန့်ဖြူး ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး ရောင်းချခြင်းများကို ကျင့်ဝတ်အရ လုံးဝမပြု လုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မှ ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.