Connect with us

Politics, Law & Military

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ စနက်တံ ၂၀၀၀ ခု ဖမ်းဆီးရမိ

ပြည်ထဲရေးဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အားတွေ့ရစဉ်

ရန်ကုန်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်၌ စနက်တံ ၂၀၀၀ ခု ဖမ်းဆီးရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ ၃ ရက်နေ့ ၂၂း၀၀နာရီ အချိန် ပုသိမ်ကြီးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များဦးစီးသည့်အဖွဲ့သည် ပုသိမ်ကြီးမြို့နယ်၊ ရွှေကျင်ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မျိုးမြင့်အောင်(၃၃)နှစ် မောင်းနှင် သော 4C/×××× Toyota Corolla ယာဉ်အားစစ်ဆေးရာ ယာဉ်နောက်ခန်းတွင် စက္ကူဘူးဖြင့်ထည့်ထားသော စနက်တံ ၂၀၀၀ ခုအား တရားဝင်စာရွက်စာတမ်း တစ်စုံတစ်ရာမပါရှိဘဲ သိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။

အောက်တိုဘာလ ၄ ရက်နေ့ ၀၁း၃၀နာရီ အချိန်တွင် မျိုးမြင့်အောင်အား ပုသိမ်ကြီးမြို့မရဲ စခန်း(ပ)၂၉၉/၂၀၁၈၊ ပေါက်ကွဲစေတတ်သောဝတ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ ၂၃(ခွင့်ပြုချက်မရရှိဘဲလုပ်ငန်းခွင်သုံးပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများကို တင်သွင်း/သယ်ယူခြင်း)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.