Connect with us

Politics, Law & Military

တရားစီရင်ရေးကဏ္ဍတွင် အမှုအခင်းများကို မြန်ဆန်မှန်ကန်ပြီး ဘက်လိုက်မှု ကင်းသော တရားစီရင်ရေးဖြစ်ရန် လိုအပ်ဟု သမ္မတဆို

နိုင်ငံတော် သမ္မတ မကွေးမြို့ မြို့တော်ခန်းမ၌တိုင်းဒေသကြီးအစိုးရအဖွဲ့တို့နှင့်တွေ့ဆုံစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

တရားစီရင်ရေးကဏ္ဍတွင် အမှုအခင်းများကို မြန်မြန်ဆန်ဆန် မှန်မှန်ကန်ကန်နှင့် ဘက်လိုက်မှု ကင်းသော တရားစီရင်ရေးဖြစ်ရန် လိုအပ်ပါကြောင်းနိုင်ငံတော်သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ဥပဒေနှင့်အညီဆောင်ရွက်ကြရန် ဥပဒေ၏ ရှေ့မှောက်တွင် အားလုံးအညီအမျှဖြစ်ရန်လိုအပ်ပြီး ပြစ်မှုနှင့် ပြစ်ဒဏ်မျှတရန် လိုအပ်ပါကြောင်း၊ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ကာကွယ်မြှင့်တင်ရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် အောက်တိုဘာ ၆ရက်တွင် မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးလွှတ်တော်၊ တိုင်းဒေသကြီး တရားလွှတ်တော်၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး၊ခရိုင်၊ မြို့နယ် များမှ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲ အခမ်းအနား၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တရားစီရင်ရေးအပိုင်းတွင်လည်း ဘက်လိုက်မှုကင်းသည့် တရားစီရင်ရေးဖြစ်ရန် လိုအပ်ကြောင်း၊ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများနှင့် ပြည်ထောင်စု တရား စီရင်ရေး ဥပဒေကိုလေးစား လိုက်နာကြရမည်ဖြစ်ကြောင်း၊ တရားစီရင်ရာတွင်လည်း လုပ်ပိုင်ခွင့်ရှိသူများနှင့် အာဏာရှိသူများ၏ ဝင်ရောက်စွက်ဖက်မှုကင်းရန်လိုအပ်ကြောင်း၊ မှန်ကန်ပြီး တရားမျှတသောတရားစီရင်ရေးဖြစ်မှသာ ပြည်သူများကပိုမို ယုံကြည်ကိုးစားလာကြမည်ဖြစ်ကြောင်း သမ္မတကဆိုသည်။

ဥပဒေပြုရေးအပိုင်းတွင်လည်း တိုင်းဒေသကြီးအတွင်းရှိ ပြည်သူလူထုအတွက် အမှန်တကယ် အကျိုးပြုနိုင်သည့် ဥပဒေများဖြစ်ရန် လိုအပ်ကြောင်း၊ ပြဋ္ဌာန်းမည့် ဥပဒေများသည် ဒေသအတွက် အမှန်တကယ်အကျိုးရှိ မရှိ၊ နိုင်ငံတော်၏မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်များနှင့် ဆီလျော်မှုရှိ မရှိ ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်ညီ မညီ စိစစ် ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် ဥပဒေပြုရေးအပိုင်း များသည် အပြန်အလှန်ထိန်းကျောင်းကြရန် လိုအပ်ပြီး တစ်ဖွဲ့နှင့် တစ်ဖွဲ့ စွက်ဖက်မှု မရှိရန် ဂရုပြုကြရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

အဂတိကင်းစင်ရေး ဆောင်ရွက်ရာတွင် ကျောသားရင်သား၊ ဆူကြုံနိမ့်မြင့် မခွဲခြားဘဲ ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု ကင်းစင်သော လူ့အဖွဲ့အစည်း ဖြစ်စေရေး အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် အဂတိတိုက်ဖျက်ရေး ကော်မတီ များကို ထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့သည် အပြန်အလှန် ချိတ်ဆက်လျက်ရှိကြောင်း သမ္မတကဆိုသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117