ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လာရောက်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး သြဂုတ်လ ၃ ရက်နေ့ အထိ လိုင်စင်စုစုပေါင်း (၁၅၃) ခု ထုတ်ပေးထားရှိပြီးဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ တောင်ဘက် မိုင် ၂၀ ခန့်ရှိ အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းသည် စီမံကိန်း ဆေင်ရွက်လျက် ရှိစဉ်ကာလအတွင်း အနီးတောင်ခြေကျေးရွာ အပါအဝင် ရွာငါးရွာတို့သို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ပြီဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက...
နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ် အားပြတ်တောက်မှု လျော့နည်းစေရန်နှင့် ပြည်သူများ လျှပ်စစ် အန္တရာယ် ကင်းရှင်းစေရေး ဆောင် ရွက် လျက် ၇ှိရာ နှစ်စဉ် ဘဏ္ဍာငွေ သုံးစွဲခွင့် ရရှိသည့်အပေါ်မူတည်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်နေ ကြောင်း၊...
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် ရန်ကုန်လျှပ်စစ်ဓါတ်အားပေးရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ ခန်းမ(၄)၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
နေပြည်တော်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) e-Government အား အထောက်အကူပြုနိုင်ရေးအတွက် နိုင်ငံသား စိစစ်ရေးကတ်များကို စမတ်ကတ်များ အဖြစ် ပြောင်းလဲရန် ယခုအခါ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက မီဒီယာသို့ ယနေ့နံနက်ပိုင်း...
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ ရေနံချောင်းမြို့နယ်တို့တွင် မြစ်ရေဝင်ရောက်မှုများကျောင်း စာသင်ကျောင်းတချို့ ခေတ္တပိတ်ထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၁၁၃/၄-၅)ကြားတွင် သြဂုတ် ၉ ရက်က မော်တော်ယာဉ် တစ်စီးသည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့ပြီး ဖြူးချောင်း ရေလွှဲဆည် အတွင်းသို့ ပြုတ်ကျ နစ်မြုပ်ခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ ၂ ဦး ရေနှစ်...
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများကိစ္စအား ဖြေရှင်းရာတွင် မြန်မာ နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့သည် အိမ်နီးချင်း ကောင်းပီသစွာဖြင့် နှစ်ဖက်ညှိနှိုင်းတိုင်ပင် ဆောင်ရွက်သွားရန်နှင့် နှစ်နိုင်ငံအကြားစီးပွားရေးနှင့် ကုန်စည်ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ဆောင်ရွက်သွားရန် သဘောတူညီခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ သြဂုတ် ၁၀ ရက်(ဆင်ဟွာ) တရားရုံးများသည် အမှုအခင်းများကို ကြန့်ကြာမှု မရှိစေဘဲ ဥပဒေနှင့်အညီ မှန်မှန်နှင့်မြန်မြန် စစ်ဆေးစီရင် အဆုံးအဖြတ် ပြုကြရန် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက ပြောကြားခဲ့သည်။
ရန်ကုန် ၊ သြဂုတ် ၉ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် နှင့် ဒေသခံ ပြည်သူများ စကားဝိုင်း(Peace Talk) အား ယနေ့သြဂုတ် ၉ ရက်တွင် မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူ မြို့နယ် ၊ ချောက်ကန် ကျေးရွာ၌ ကျင်းပ ပြုလုပ်ခဲ့သည်။