Connect with us

Politics, Law & Military

မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေး ဆွဲအကောင်အထည်ဖော်ရေး ဗဟိုအဖွဲ့အစည်းအဝေးကျင်းပ

မဟာဗျူဟာရေး ဆွဲအကောင်အထည်ဖော်ရေး ဗဟိုအဖွဲ့အစည်းအဝေးကျင်းပစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေးမဟာဗျူဟာ ရေးဆွဲအကောင် အထည် ဖော်ရေး ဒုတိယအကြိမ် အစည်းအဝေးကို စက်တင်ဘာ ၂၄ ရက်၌ နေပြည်တော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ အစည်းအဝေးခန်းမကျင်းပခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အစည်းအဝေးတွင် ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံ အမျိုးသားအဆင့် မှုခင်းကြိုတင် ကာကွယ်ရေးမဟာ ဗျူဟာ(မူကြမ်း) အားပထမအကြိမ် အစည်းအဝေးတွင် ဆွေးနွေးအကြံပြုချက်များနှင့်စပ်လျဉ်း၍ ပြင်ဆင်ဖြည့်စွက်ထားသည်များ၊ ယခုအပြီးသတ်မူကြမ်းအပေါ် ထပ်မံဖြည့် စွက်သင့်သည်များကိုအကြံပြုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မှုခင်းကြိုတင်ကာကွယ်ရေးသည် ကုလသမဂ္ဂအဖွဲ့ကြီး၏ ရေရှည်မျှော်မှန်းချက် ပန်းတိုင်ကို အကောင်အ ထည်ဖော် ဆောင်ရွက်သည့် အဓိကလုပ်ငန်းစဉ်တစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံအမျိုးသား အဆင့်မှုခင်းကြိုတင် ကာကွယ်ရေး မဟာဗျူဟာအတည်ပြု ပြဋ္ဌာန်းပြီးပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ခရိုင်အဆင့်၊ မြို့နယ်အဆင့်တို့မှ မဟာဗျူဟာမျှော်မှန်းချက်များနှင့်အညီ ဒေသအခြေအနေနှင့် ကိုက်ညီပြီးလက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်နိုင်သောမှုခင်းကြိုတင် ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်း စီမံချက်များ ရေးဆွဲအကောင် အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။

ယင်း အစည်းအဝေးသို့ မြန်မာနိုင်ငံအမျိုးသားအဆင့် မှုခင်းကြိုတင်ကာကွယ်ရေး မဟာဗျူဟာရေးဆွဲ အကောင် အထည်ဖော်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဗဟိုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် အောင်သူ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ် သန်းထွဋ်၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးသာဦး၊ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်၊ ဗဟိုအဖွဲ့ အတွင်းရေးမှူ း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်၊ ဒုတိယရဲဗိုလ်ချုပ်ကြီးအောင်ဝင်းဦးနှင့် ဗဟိုအဖွဲ့ဝင်များ တက်ရောက်ကြ သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.