Connect with us

Politics, Law & Military

စစ်ကိုင်းတိုင်းဒေသကြီးတွင် တရားမဝင်သစ် ၂၂ တန်ကျော် ဖမ်းမိ

ဖမ်းဆီးရမိထားသော တရားမ၀င်သစ်များအားတွေ့ရစဉ်(သစ်တောဦးစီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၂၄ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်အတွင်း တရားမဝင် အင်သစ်/ သစ်ယာသစ်/ ပျဉ်းကတိုးသစ်/ပျဉ်းမသစ် စုစုပေါင်း (၂၂.၇၅၆၀)တန် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနက ယနေ့ ထုတ်ပြန်သော သတင်းအရ သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၁ရက်ကလည်း ပဲခူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်း၊ မိုင်တိုင်(၃၇/၄)နှင့် (၃၇/၅)ကြား၊ အရှေ့ဘက်(၃)ဖာလုံခန့် အကွာနေရာ၌လည်း တရားမဝင် ကျွန်းခွဲသား (၇၀)ချောင်း (၆.၄၅၆၆)တန် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အဆိုပါ တရားမဝင် သစ်များနှင့် ဆက်စပ်ပတ်သက်သူများအား စုံစမ်းဖေါ်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)