ရန်ကုန်၊ ဇွန် ၂၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်မှူးကြီး လှဦးကို ခန့်အပ်လိုက်ကြောင်း နိုင်ငံတော်သမ္မတရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်တွင် ဇွန် ၈ ရက်မှ ၁၄ ရက်အထိ မိုးသည်း ထန်စွာရွာသွန်းခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများကြောင့် ပြည်နယ်အတွင်းရှိ ကျောင်းပေါင်း ၃၉၅ ကျောင်းကို ခေတ္တပိတ်ထားခဲ့ရာ ဇွန် ၁၈ ရက်တွင် ကျောင်းများ အားလုံးကို ပြန်လည်ဖွင့်လှစ်နိုင်ပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် နှင့် လှိုင်သာယာမြို့နယ် တို့တွင် ငွေကျပ် သိန်း ၁,၃၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန်လ ၂၁ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ၂၁ ရာစု ပင်လုံ တတိယ အစည်းအဝေးကို ဇူလိုင်လ ဒုတိယပတ် တွင် ကျင်းပမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အတွင်းရေးမှူး ဦးဇော်ဌေး က ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဇွန် ၂၁ ရက်(ဆင်ဟွာ) ဇွန်လ ပထမပတ်ခန့်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တိုင်းဒေသကြီး/ပြည်နယ် အချို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ ဇွန် ၁၉ ရက် စာရင်းများ အရ လူဦးရေ ၄၄၀၀၀ ခန့်ရေဘေးဒဏ် ခံစားခဲ့ရပြီး လူ ၁၈...
ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ) ငဝန်မြစ် နှင့် တိုးမြစ်တို့ကြောင့် စိုးရိမ်ရေမှတ်သို့ရောက်ရှိရန် နီးစပ်သောမြို့များ၏ မြစ်ရေအခြေအနေများအား မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၀ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဇွန် ၉ ရက်နေ့မှ ၁၄ ရက်နေ့အထိ မိုးများသည်းထန်စွာ ရွာသွန်းခဲ့ပြီး အဆိုပါ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မုန်းချောင်းရေများ တိုးမြင့်ခဲ့သည့်အတွက် မြို့နယ်အတွင်းရှိ ကျောင်းသား ကျောင်းသူများ သဘာဘေးအန္တရာယ် ထိခိုက်မှုမဖြစ်စေရေး ရေဝင်ရောက်သည့် အခြေခံပညာ...
ရန်ကုန်၊ ဇွန်၂၀ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်နှင့် ရေကြည်မြို့နယ်တို့တွင် တရားမဝင်သစ်လုံး/ခွဲသား (၄၉၅) ချောင်း အလေးချိန်အားဖြင့် (၇၈.၇၁၈၈) တန်အား တရားခံ(၁၉) ဦးနှင့်အတူ ဇွန်လ ၁၇ ရက် နှင့် ၁၈ ရက်နေ့တို့တွင် ဖမ်းဆီးရမိခဲ့ကြောင်း သစ်တော ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၀ ရက်(ဆင်ဟွာ) ၂၀၁၈ခုနှစ် ပေကျင်းပညာရေးပြပွဲကို ဇွန်လ ၂၀ ရက်က ရန်ကုန်မြို့Taw Win Garden Hotelတွင် ကျင်းပခဲ့ရာ တက္ကသိုလ်ကျောင်းများ၊ ပြင်ပစာသင်ကျောင်းများမှ ဆရာဆရာမများ၊ ကျောင်းသား ကျောင်းသူများ စိတ်ဝင်တစား တခဲနက်လာရောက်လေ့လာမေးမြန်းခဲ့ကြကြောင်း သိရှိရသည်။
နေပြည်တော်၊ ဇွန်လ ၂၀ရက် (ဆင်ဟွာ) လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတိုင်း အလှည့်ကျ အစီရင်ခံရသည့် လုပ်ငန်းစဉ်အရ မြန်မာနိုင်ငံဆိုင်ရာ သုံးသပ်မှု လုပ်ငန်းစဉ်တွင် ပါဝင်သော ကမ္ဘာ့နိုင်ငံ ၉၃ နိုင်ငံ၏ အြင်္ကပြုချက် ၂၈၁ ခုအနက် မြန်မာ နိုင်ငံက လက်ခံထားသော ၁၆၆ ချက်တို့ကို အကောင်အထည်ဖော်ရေးအတွက် နေပြည်တော်...