Connect with us

Environment, Disasters & Accidents

အင်းလေးကန်အား ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်

အင်းလေးကန်အားတွေ့ရစဉ်(MOI)

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(တောင်ပိုင်း) ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်အား ရမ်ဆာရေဝပ်ဒေသ ထိန်းသိမ်းရေး ကွန်ဗင်းရှင်းက သြဂုတ် ၁ဝ ရက်တွင် မြန်မာနိုင်ငံ၏ ငါးခုမြောက် နိုင်ငံတကာအရေးပါသည့် ရေဝပ်ဒေသ သို့မဟုတ် ရမ်ဆာ ထိန်းသိမ်းရေး နယ်မြေ (Wetland of International Importance- Ramsar Site) (Site No. 2356) အဖြစ် တရားဝင်အသိအမှတ်ပြု သတ်မှတ်လိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ အင်းလေးကန်ရမ်ဆာ ထိန်းသိမ်းရေးနယ်မြေ ကို ရမ်ဆာကွန်ဗင်းရှင်းမှ သတ်မှတ်ထားသည့် ရမ်ဆာ ထိန်းသိမ်းရေး နယ်မြေများဆိုင်ရာ စံသတ်မှတ်ချက်ကိုးချက် အနက် ခြောက်ချက်နှင့် ကိုက်ညီကြောင်း၊ မြန်မာနိုင်ငံ အတွက်သာမက နိုင်ငံတကာအဆင့် အရေးပါသည့် ရေဝပ် ဒေသ ထိန်းသိမ်းရေး နယ်မြေ တစ်ခုဖြစ်ကြောင်း တို့ကို သစ်တောဦးစီးဌာနမှ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ သက်ဆိုင်ရာ အစိုးရဌာနများ၊ ဒေသခံများ၏ သဘောတူညီချက်ဖြင့် ရမ်ဆာကွန်ဗင်းရှင်းသို့ ၂ဝ၁၇ ခုနှစ် ဇွန်လတွင် စတင် အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံအနေဖြင့် ထူးခြားကောင်းမွန်သည့် ရေဝပ် ဒေသ ဂေဟစနစ်ကိုကိုယ်စားပြုသည့် နယ်မြေများစွာရှိပြီး ကွန်ဗင်းရှင်း၏ စံသတ်မှတ်ချက်များနှင့်ကိုက်ညီမှုကို ဆန်းစစ်၍ ဆက်လက်အ ဆိုပြု တင်ပြသွားရန် သစ်တော ဦးစီးဌာနက စီစဉ်လျက်ရှိကြောင်း သိရသည်။

အင်းလေးကန်သည် နိုင်ငံတကာအဆင့် ထိန်းသိမ်းရေးနယ်မြေများအဖြစ်လည်း ၂ဝဝ၃ ခုနှစ်တွင် အာဆီယံ အမွေအနှစ်ဥယျာဉ် (ASEAN Heritage Park)၊ ၂ဝဝ၄ ခုနှစ်တွင် အရေးပါသည့်ငှက်မျိုးစိတ်နှင့် ဇီဝမျိုးစုံမျိုးကွဲနယ်မြေ (Important Bird and Biodiversity Area -IBA)၊ ၂ဝ၁၅ ခုနှစ်တွင် ယူနက်စကို ၏ လူသားနှင့် ဇီဝအဝန်းနယ်မြေအစီအစဉ် (UNESCO Man and the Biosphere Reserve Programme- MAB) တွင်ပါဝင်သည့် ဇီဝအဝန်းနယ်မြေ (Biosphere Reserve) တို့အဖြစ် သတ်မှတ် ခံထားရပြီးဖြစ်ကြောင်း သိရသည်။

ယခု ထပ်မံအတည်ပြုသတ်မှတ်ခံရသည့် နိုင်ငံတကာ အရေးပါ သည့်ရေဝပ်ဒေသ (ရမ်ဆာထိန်းသိမ်းရေး နယ်မြေ)သည် အင်းလေး ကန်ကြီးအတွင်းရှိ ငှက်မျိုးစိတ် များ၊ ငါးမျိုးစိတ်များ အဓိကပေါက် ပွားရာ နေရင်းဒေသနှင့် ဆောင်းခိုငှက်များ ကျရောက်ကျက်စားရာ နယ်မြေများ ပါဝင်နေသည့် ညောင်ရွှေမြို့နယ်အပိုင်း အင်းလေးကန် ရေပြင်ဧရိယာနှင့် သဘာဝကျွန်းမျော ဧရိယာများပါဝင်ပြီး စုစုပေါင်း ဧရိယာ ၁၄၃၂၆ ဒသမ ၁၈ ဧက၊ ၅၇၉၇ ဒသမ ၆ ဟက်တာကို ရမ်ဆာထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.