Connect with us

Environment, Disasters & Accidents

မဟာဗန္ဓုလပန်းခြံလမ်းရှိ City Star ဟိုတယ်တွင် မီးလောင်မှုဖြစ်ပွား


ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံလမ်း(ဘားလမ်း)အလယ်ဘလောက်ရှိ City Star ဟိုတယ်တွင် ယနေ့မွန်းလွဲ ၃နာရီ မိနစ် ၂၀ခန့်က မီးလောင်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာန ထံမှ သိရသည်။

အဆိုပါ ဟိုတယ်၏ အခန်း ၃၀၅ရှိ အဲယားကွန်းအနီးမှ စတင်မီးလောင်မှုဖြစ်ပွားခဲ့ပြီး ယင်း မီးလောင်မှုကြောင့် လူ၁၁ဦး မီးခိုးမွှန်မှုဖြစ်ခဲ့သော်လည်း ဟိုတယ်ဝန်ထမ်း အမျိုးသမီးတစ်ဦးသာ ဆေးရုံပို့ဆောင်ခဲ့ရကြောင်း ကျောက်တံတားမြို့နယ် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

City Star Hotel မီးလောင်မှုအား မီးငြှိမ်းသတ်စစ်ဆေးနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

City Star Hotel မီးလောင်မှုအား မီးငြှိမ်းသတ်စစ်ဆေးနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

City Star Hotel မီးလောင်မှုအား မီးငြှိမ်းသတ်စစ်ဆေးနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

City Star Hotel မီးလောင်မှုအား မီးငြှိမ်းသတ်စစ်ဆေးနေမှုအားတွေ့ရစဉ်(ဆင်ဟွာ)

” မီးလောင်နေမှုအတွင်း ၁၃ဦးကယ်ထုတ်ခဲ့ရတယ်၊ တစ်ဦးပဲ ဆေးရုံပို့ထားတယ်၊ နိုင်ငံခြားသား ၇ဦးပါတယ် ကယ်ခဲ့ရတာ၊ ဒီဟိုတယ်က ဧည့်သည်တွေကို ဟိုတယ် ပြောင်းပေးထားတယ်” ဟု ၎င်းက ဆိုသည်။ယင်းမီးလောင်မှုကို Level 1 အဖြစ်သတ်မှတ်ကာ ငြိမ်းသတ်ခဲ့ကြောင်း မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး၊ ၃ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မီးငြိမ်းသွားကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားသည်။ ” မီးတောက်မတွေ့ရဘဲ မီးခိုးတွေတအားထွက်လာတာ ၊ ဟိုးအပေါ်က နိုင်ငံခြားသား နှစ်ဦး ဆင်းမရတော့လို့ ဘေးပြတင်းပေါက်ကနေ လှေခါးထောင်ဆင်းခဲ့ရတယ်”ဟု မီးလောင်မှုဖြစ်ပွားခဲ့သော နေရာတွင် ရောက်ရှိနေသော မျက်မြင်တစ်ဦးက ဆိုသည်။(Xinhua)