ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ယူ-၂၃ အသင်းသည် စင်ကာပူလက်ရွေးစင်ယူ-၂၃ အသင်းနှင့် ဇွန်လ ၂၀ ရက်တွင် စင်ကာပူနိုင်ငံ၌ ဘောလုံးခြေစမ်းကစားမည်ဖြစ်ရာ အဆိုပါ ပွဲစဉ်အတွက် လက်မှတ်များကို အွန်လိုင်းမှတစ်ဆင့် စတင်ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ)
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) လှည်းကူးမြို့နယ်၊ မုဆိုးညောင်ပင် ကျေးရွာအနီးတရားမဝင်ပိတောက်ခွဲသားများနှင့် တရားခံများ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနထံမှ ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ကလပ်တွင် ယနေ့ နေ့လည် ၁နာရီခန့်တွင် မြေပြိုမှုဖြစ်ပွားပြီး ဘုန်းကြီးကျောင်းတစ်ကျောင်း ထိခိုက်ပျက်စီးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်၊ ဖားလက်ခိုကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါး ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ ယနေ့ သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် နိုင်ငံတကာမှ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ပါကြောင်း နေပြည်တော် M Gallery Hotel တွင် ယနေ့ နံနက် ကျင်းပသော PPP စနစ် Toll Road...
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရထားလမ်းကူး ရေထုတ်ပြွန်နေရာ၌ အမှိုက်များပိတ်ဆို့မှုကြောင့် ဇော်ဂျီချောင်း အတွင်းသို့ ဝင်ရောက်သည့်ရေများ ပြည့်လျှံကာ ဈေးတန်း ရပ်ကွက်အတွင်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်ခဲ့ပြီး နေအိမ် ၁၈ လုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဇွန် ၁၅ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာတို့ တွေ့ဆုံပြီး မြန်မာ- ထိုင်း နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) မိုးကုတ်မြို့အနောက်ပိုင်းကျပ်ပြင်ရပ်၊ ကသဲအုပ်စု၊ အောင်သစ်လွင်ရပ်ကွက်တွင် ယနေ့ နံနက် ၆နာရီခန့်တွင် မြေပြို၍ အိမ်(၁)လုံးအတွင်းရှိ လူ ၅ဦးသေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောင်ဗလချောင်း၀ အငူမော်ကျေးရွာနှင့် ဒုံးပိုက်ကျေးရွာအကြား ပင်လယ်ကမ်းစပ်တွင် ဇွန် ၁၁တွေ့ရှိထားသော လူများကို စိစစ်ဆောင်ရွက်မှုများ ပြုလုပ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စနစ်တကျ လွှဲပြောင်းပေးမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြတ်အေးကပြောကြားသည်။