Connect with us

Social

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် ဈေးရောင်းပွဲတော်ဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှာစကားပြောကြား

ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-- YRG)

ရန်ကုန်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

ယနေ့နံနက် ၉ နာရီတွင် အင်းစိန်မြို့နယ် အ.ထ.က(၁)ကျောင်း၌ ကျင်းပသည့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာနနှင့် အခြေခံပညာဦးစီးဋ္ဌာနတို့ ပူးပေါင်းကျင်းပသော ကလေးစာပေပွဲတော်၊ ကလေးစာပေပြပွဲနှင့် ဈေးရောင်းပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက် အမှာစကားပြောကြားခဲ့သည်။

ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “စာပေဟာလူ့ဘဝအတွက် အများကြီးအထောက်အကူပြုတယ်ဆိုတာကို ကလေးငယ်တွေကို နီးစပ်စေချင်တဲ့အတွက် ကလေးစာပေပွဲတော်ကို ကျင်းပရခြင်းဖြစ်ပါတယ်။ ဒီကလေးစာပေပွဲတော် ကျင်းပနိုင်ဖို့အတွက် နိုင်ငံတော်အတိုင်ပင်ခံက အမြဲတမ်းတွန်းအားပေးပါတယ်။ စာကြည့်တိုက်ယဉ်ကျေးမှုတွေ ထွန်းကားလာဖို့ မြန်မာနိုင်ငံမှာလူတိုင်းဟာ စာဖတ်ဖို့ဆိုတဲ့ အခြေအနေမျိုးတွေကို အမြဲတမ်းတွန်းအားပေး တိုက်တွန်းဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ ဒီထဲမှာ ကလေးစာပေပွဲတော်က အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာရှိပါတယ်။ ကျွန်တော်တို့ အားလုံးဟာ နိုင်ငံတော်ကချမှတ်ထားတဲ့ မူဝါဒတွေထဲက လူငယ်မျိုးဆက်တွေကို ပြုစုပျိုးထောင်ပေးမယ်ဆိုရင် ကလေးအရွယ်ကတည်းကစပြီး ပြုစုပျိုးထောင်ပေးဖို့ဖြစ်ပါတယ်။ ဒီအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာနတို့ ပေါင်းစည်းပြီး ဒီပွဲကိုကြိုးပမ်းဆောင်ရွက်တဲ့နေရာမှာ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုဟာ အရေးကြီးပါတယ်။ ဒီနေရာမှာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ လူမှုအဖွဲ့အစည်းတွေ၊ ဒေသဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးရဲ့ ပူးပေါင်းကူညီ ဆောင်ရွက်မှုနဲ့ ဒီနေ့ ကလေးစာပေပွဲတော်ကို ကျင်းပဆောင်ရွက်နိုင်ခြင်းပဲ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

အမှားအမှန်ကို ခွဲခြားသိနိုင်ရန် စာပေများဖတ်ရှုခြင်းဖြစ်ပြီး ကလေးများ၏ ဉာဏ်ပညာနှင့် နှလုံးသားများ ရင့်ကျက်လာမည်ဖြစ်ကြောင်း စာပေကိုဖတ်ခြင်းအားဖြင့် စာပေကိုဖတ်သည့် အလေ့အထ၊ ယဉ်ကျေးမှုတစ်ရပ် နီးစပ်လာနိုင်ရန် စာကြည့်တိုက်များနှင့် ကလေးငယ်များ၏ ဘဝကို နီးစပ်လာနိုင်ရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

စာပေများဖတ်ရှုခြင်းအားဖြင့် အမှန်တရားကို သိလာပြီး ဝေဖန်ပိုင်းခြားနိုင်မှုများ ရင့်ကျက်လာပြီး နိုင်ငံတော်ကြီးကို ထူထောင်ပေးနိုင်မည့် လူငယ်မျိုးဆက်သစ်များကို ပြုစုပျိုးထောင်ပေးနိုင်မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ကြိုးပမ်းဆောင်ရွက်ရာတွင် အခက်အခဲများစွာ ရှိနိုင်သော်လည်း အနာဂတ်မျိုးဆက်သစ်များအတွက် အကောင်းဆုံးလမ်းခင်းပေးနိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်ကြောင်း၊ ယင်းကြိုးပမ်းဆောင် ရွက်မှုတွင် ကလေးစာပေပွဲတော်ဖြစ်မြောက်ရေးသည်လည်း အရေးကြီးကြောင်း ယခုအချိန်တွင် မြို့နယ်များ ၊ ခရိုင်အဆင့်နှင့် တိုင်းအဆင့်များ တွင် ကျင်းပနိုင်ရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။

“ ဆရာကြီးမင်းသုဝဏ်အပါအဝင် ကလေး စာပေတော်တော်များများကို ရေးသားခဲ့တာရှိပါတယ်။ ကလေးစာပေဆိုတာကတော့ လွယ်လွယ်ကူကူဖတ်နိုင်ပြီး လွယ်လွယ်ကူကူနားလည်နိုင်ပြီး ကလေးတွေရဲ့ရင်ထဲကို ထိမှန်သွားစေနိုင်တဲ့ စာပေတွေဖြစ်ပါတယ်။ ဒီစာပေတွေကို ကလေးတွေ စာဖတ်တဲ့အလေ့အကျင့်ကောင်း တစ်ခုကို ရနိုင်ဖို့ဖြစ်ပါတယ်။ စာဖတ်တဲ့အလေ့အကျင့်ကို ရလာပြီဆိုရင် ကလေးတွေရဲ့ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်မှုတစ်ခု ရှိလာနိုင်ပါတယ်”ဟု ဝန်ကြီးချုပ်က ပြောသည်။

အဆိုပါပွဲသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိဘဆရာများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ယင်းကလေးစာပေပွဲတော်ကို စက်တင်ဘာ၆ရက်မှ ၇ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး၊ ရန်ကုန်မြို့တွင် ပထမဦးဆုံးအကြိမ်အဖြစ် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၈ ရက်နေ့အထိ အနော်ရထာလမ်းပေါ်ရှိ အ.ထ.က(၆)(စိန်ပေါလ်ကျောင်း)တွင် ကျင်းပခဲ့ရာ ကလေးများ၏ပုံပြော၊ ကျပန်းစကားပြောခြင်း၊ စာအုပ်ပြခန်း၊ ကလေးစာဖတ်ခန်းနှင့် နည်းပညာပြခန်းများနှင့် ပျော်ပွဲရွင်ပွဲများလည်း ထည့်သွင်းကျင်းပခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.