Connect with us

Politics, Law & Military

ဆည်၊ ကန်၊ ရေလှောင်တမံများ ပြုပြင်ရန် ကျပ် ၇၀ ဘီလျံ သုံးမည်ဟု လျာထား

ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဆွာရေလှောင်တမံအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)

၂၀၁၈- ၁၉ ဘဏ္ဍာနှစ်တွင် ဆည်၊ ကန်၊ ရေလှောင်တမံများ၊ ရေတံခါးများနှင့် ဆက်စပ်သည့် ရေအား အဆောက်အအုံများ ပြုပြင်ရန် ကျပ် ၇၀ ဘီလျံ အသုံးပြုရန် လျာထားကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော်က ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ပြောကြားခဲ့သည်။

“ဆည်၊ ကန်၊ ရေလှောင်တမံများ၊ ရေတံခါးများ၊ ဆည်ရေသောက်စနစ်များ၊ ရေကာတာများ၊ ရေငန်တား တာများ နှစ်ပေါက် သာမန် ထိန်းသိမ်းခြင်း လုပ်ငန်းများ လည်ပတ်နိုင်ရန် လုပ်အားခများ ပေးချေရေးအတွက် ကျပ် ၁၀ ဒသမ ၅၄ ဘီလျံ၊ ရေလှောင်တမံ၊ ရေလွှဲဆည်၊ ရေတံခါးတို့နဲ့ ဆက်စပ် တဲ့ ရေအား အဆောက်အအုံများ ပြုပြင် ထိန်းသိမ်းခြင်း၊ ရေလှောင်တမံများရှိ ကျောက်ကွက်များ နိမ့်ခြင်း၊ တမံကိုယ်ပေါ်၇ှိ ကျိုးပဲ့ ပျက်စီးမှုများအား ပြုပြင်ခြင်း၊ ရေထုတ်ပြွန်၊ ရေလွှဲဆည်၊ ရေပိုလွှဲများရှိ ရေတံခါးများ ပြုပြင်ခြင်း၊ ရေစား ချောက်များ ပြုပြင်ခြင်း၊ ရေတံခါးများ ပြုပြင်ခြင်းတို့အတွက် ကျပ် ၁၇ ဒသမ ၉၉၅ ဘီလျံ၊ ဆည်ရေသောက်စနစ်မှာရှိတဲ့ တူးမြောင်းများ ပျက်စီး ကျိုးပေါက်ခြင်း၊ လိုင်နင် ကျောက်ကွက် ပြုပြင်ခြင်း၊ တူးမြောင်း အဆောက်အုံများ ပြုပြင်ခြင်း၊ ရေနုတ်မြောင်းများ ပြန်လည် တူးဖော်ခြင်း၊ ရေနုတ်မြောင်းဆိုင်ရာ အဆောက်အုံများ ပြန်လည် ပြုပြင်ခြင်းတို့အတွက် ကျပ် ၁၈ ဒသမ ၈၁၃ ဘီလျံ၊ မြစ်ကမ်းများ ဘေးရှိ ရေဘေး ကာကွယ်ရေး တာတမံများ၊ မြစ်ဝကျွန်းပေါ် အောက်ပိုင်းရှိ ရေငန်တား တာတမံများ ပြန်လည် ပြုပြင်ခြင်း၊ အရေးပေါ် ပစ္စည်းများ ဝယ်ယူ စုဆောင်းခြင်း၊ ရေကင်းတဲများ ဆောက်ခြင်း၊ ကမ်းပါး ထိန်းသိမ်းခြင်း လုပ်ငန်းများ၊ ပန်းတာများ ဆောင်ရွက်ခြင်းတို့အတွက် ကျပ် ၄ ဒသမ ၉၅၉ ဘီလျံ၊ ဌာနပိုင် စက်ယန္တရား၂၁၄၅ စီးနင့် ရုံးသုံး စက်ကိရိယာများ ပြုပြင်ခြင်းတို့အတွက် ကျပ် ၆ ဒသမ ၇၁ ဘီလျံ၊ ရုံးအဆောက်အအုံများ၊ လုပ်ငန်း ခွင် အဆောက်အအုံများ၊ ဂိုဒေါင်များ ပြုပြင့်ခြင်းအတွက် ကျပ် ၅ ဒသမ ၅၃ ဘီလျံ၊ ရေလှောင်တမံ၊ ဆည်၊ ကန်၊ ရေတံခါးနှင့် မြစ်ရေတင် လုပ်ငန်းတို့ရှိ အဝင်လမိးများ ပြုပြင်ခြင်း၊ မြောင်းစစ်လမ်း၊ တာစစ်လမ်းများ ပြုပြင်ခြင်းနှင့် ထိုလမ်းများပေါ်ရှိ တံတားများ ပြုပြင် ထိန်းသိမ်းခြင်း တို့အတွက် ကျပ် ၅ ဒသမ ၀၃၆ ဘီလျံ စုစုပေါင်း ကျပ် ၆၉ ဒသမ ၅၈၃ ဘီလျံ သုံးစွဲဖို့ လျာထားပါတယ်” ဟု ၎င်းက ရှင်းလင်း ပြောကြားခဲ့သည်။

ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၏ သာမန် ပြင်ဆင် ထိန်းသိမ်း စရိတ်များနှင့် ပတ်သက်ပြီး ၂၀၁၅ – ၁၆ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁ ဒသမ ၀၂၇ ဘီလျံ၊ ၂၀၁၆ – ၁၇ ဘဏ္ဍာနှစ်တွင် ကျပ် ၆၉ ဒသမ ၄၁၅ ဘီလျံ နှင့် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၇၁ ဒသမ ၅၂၃ ဘီလျံ အသီးသီး ရှိခဲ့ကြောင်းလည်း ဒုတိယ ဝန်ကြီးက ပြောခဲ့သည်။

ယခု ဘဏ္ဍာနှစ်တွင် ဆည်ရေသောက်စနစ်များ ပြုပြင်ခြင်း၊ အဆင့် မြှင့်တင်ခြင်း လုပ်ငန်းများကိုမူ သာမန် ပြုပြင် ထိန်းသိမ်း သည့် ရန်ပုံငွေဖြင့် ဆောင်ရွက်၍ မရနိုင်သောကြောင့် ADB နှင့် World Bank တို့မှ ချေးငွေများ ရယူ ဆောင်ရွက်မည် ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.