ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မိုးရာသီကာလအတွင်း ငပလီ၊ ငွေဆောင်နှင့် ချောင်းသာကမ်းခြေတို့ရှိ ဟိုတယ်အများစုကို ခေတ္တပိတ်ထားပြီး အောက်တိုဘာလမှ ပြန်လည်ဖွင့်လှစ်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန (ငပလီ)ထံမှ သိရသည်။
နေပြည်တော်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနတွင် လိုအပ်လျက်ရှိသော ရောဂါထိန်းချုပ်ရေး ဗဟိုဌာနနှင့် သင်တန်းကျောင်းကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံက ယွမ်ငွေ သန်း လေးရာ အကုန် အကျခံ တည်ဆောက် ပေးမည့် စီမံကိန်း သဘောတူ စာချုပ်ကို ယနေ့နံနက်ပိုင်းက...
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) မိုးလယ်ကာလ တွင် ဘင်္ဂလားပင်လယ်အော်၌ လေဖိအားနည်းရပ်ဝန်း(၃)ကြိမ် ဖြစ်ပေါ်နိုင်ပြီး၊ (၁)ကြိမ်တွင် ပိုမို အားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသ နှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ဆောက်လုပ်ရေးဝန်ကြီးဌာန၊လမ်းဦးစီးဌာန(ရုံးချုပ်)နေပြည်တော်မှ ထုတ်ပေးထားသော လမ်း/တံတား အသုံးပြုခ ကင်းလွတ်ခွင့်ကတ်ပြား အတုများပြုလုပ်နေသဖြင့် ကင်းလွတ်ခွင့်ကတ်ပြား အတုများကို ဖော်ထုတ်ဖမ်းဆီးအရေးယူလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော ကြောညာချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းရိုင်ခရိုင် လိုဏ်ဂူအတွင်း ပိတ်မိနေကြသည့် လူငယ် ၁၃ဦးအား ကယ်ဆယ်ရေးတွင် မြန်မာနိုင်ငံက အပြည့်အဝ ပူးပေါင်းကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်သော သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) ၂၀၁၈ခုနှစ်၊ ဇူလိုင်လ လပတ်၊ ဇူလိုင်လ ပထမ(၁၀) ရက်ပတ်နှင့် မိုးလယ်ကာလ ယေဘုယျ မြစ်ရေအခြေအနေ ခန့်မှန်းချက်များကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ) ကြားဖြတ် ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင် စာရင်းများကို ဇူလိုင် ၉ ရက်မှ ၂၂ ရက် အထိ ၁၄ ရက်ကြာ သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာ အုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ...
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) အစိုးရဌာနများနှင့် အဖွဲ့အစည်းများရှိ နေ့စားအလုပ်သမားများ၏ လုပ်ခတိုးမြှင့်သတ်မှတ်လိုက်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၂၈ ရက် (ဆင်ဟွာ) e-Government စနစ် အလျင်အမြန်တိုးတက်အောင်မြင်အောင်ရန် အချက်(၃)ချက်အား အထူးအလေးထား လိုက်နာရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ညွှန်ကြားထားကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) နေပြည်တော်ကောင်စီ၊ နေပြည်တော်မြေငလျင်စခန်းမှ တောင်-အရှေ့တောင်ဘက် (၇)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း မြောက်လတ္တီတွဒ်(၁၉.၆၈)ဒီဂရီ၊ အရှေ့လောင်ဂျီ တွဒ် (၉၆.၁၈)ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.ဝ)အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသ...