Connect with us

Politics, Law & Military

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက် သိမ်းဆည်းရမိမှုဖြစ်ပွား

ဖမ်းဆီးရမိသူ နှင့် အတူငွေစက္ကူ အတုများအားတွေ့ရစဉ် (ဓာတ်ပုံ-- ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ် စစ်တွေမြို့နယ်၌ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက် သိမ်းဆည်းရမိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့ ၂၁း၀၀နာရီ အချိန် စစ်တွေမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ဘူးသီးတောင်မြို့မရဲစခန်း(ပ) ၆၃/၂၀၁၈၊ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ အမှု (စက်တင်ဘာလ ၂ ရက်နေ့ ၁၅း၃၀နာရီ အချိန် ဘူးသီးတောင်မြို့ (၂)ရပ်ကွက် မင်းထီးလမ်းပေါ်၌ လမ်းလျှောက်လာသူ ထွန်းနိုင်ဝင်း-၂၉နှစ်ထံမှ ၁၀,၀၀၀ ကျပ်တန် ငွေစက္ကူအတု ၆ ရွက်ဖမ်းဆီး ရမိမှု)မှ ကွင်းဆက်တရားခံ ဝင်းမောင်(ခ)ခိုင်မြဲ(၂၉)နှစ်အား စစ်တွေမြို့၊ မင်းဂံရပ်ကွက် ကန်တော်ကြီးတည်းခိုခန်း အခန်းအမှတ်(၂၀၂)၌ ဖုန်း ၁ လုံး နှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှ စစ်တွေ-ရွှေမင်းဂံသင်္ဘောဆိပ်သွား လမ်းဘေး၌ ၁၀၀၀၀ ကျပ်တန် ငွေစက္ကူအတု ၁၂ ရွက်အား သိုဝှက်ထားကြောင်း ပြောပြပြီး လိုက်လံပြသပေးသဖြင့် သိမ်းဆည်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ဝင်းမောင်(ခ)ခိုင်မြဲ(ဖမ်းမိ)အား စစ်တွေမြို့မရဲစခန်း(ပ) ၃၄၉/၂၀၁၈၊ ဗဟိုဘဏ်ဥပဒေပုဒ်မ ၁၀၅ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.