Connect with us

Sport

၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်အတွက် အုပ်စုနှင့် ပွဲစဉ်ဇယား ထုတ်ပြန်

အမျိုးသမီးဘောလုံးအသင်းအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

မြန်မာအမျိုးသမီး အိုလံပစ်အသင်း ပါဝင်ယှဉ်ပြိုင်မည့် (Women’s Olympic Football Tournament 2020 Asia Qualifiers Round 1) ၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့်အတွက် အုပ်စုနှင့် ပွဲစဉ်ဇယားထုတ်ပြန်လိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု C ကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာ၊အိန္ဒိယ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်တို့အတူ ပါဝင်လျက်ရှိသည်။

ခြေစစ်ပွဲစဉ်များကို နိုဝင်ဘာ ၈ မှ ၁၃ ထိ လက်ခံကျင်းပသွားမည်ဖြစ်ပြီး နိုဝင်ဘာ ၈ တွင် ဘင်္ဂလားဒေ့ရှ်၊ နိုဝင်ဘာ ၁၁ တွင် နီပေါ၊ နိုဝင်ဘာ ၁၃ တွင် အိန္ဒိယတို့နှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ခြေစစ်ပွဲပထမအဆင့်ကို အုပ်စု လေးစုခွဲကာ ကျင်းပမည်ဖြစ်ပြီး အုပ်စုထိပ်ဆုံးနှစ်သင်းစီနှင့် အကောင်းဆုံး တတိယရသည့် နှစ်သင်း၊ စုစုပေါင်း ၁၀ သင်းမှာ ဒုတိယအဆင့်သို့ တက်လှမ်းခွင့်ရရှိမည် ဖြစ်သည်။

ဒုတိယအဆင့်တွင် အသင့်စောင့်ကြိုနေသည့် ဗီယက်နမ်၊ ဥဇဘက်ကစ္စတန်နှင့် ပထမအဆင့်မှတက်လာသော ၁၀ သင်း၊ စုစုပေါင်း ၁၂ သင်းမှာ အုပ်စု သုံးစုခွဲကာ ဆက်လက်ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အုပ်စုဗိုလ်သုံးသင်းမှာ တတိယအဆင့်သို့ တက်လှမ်းခွင့် ရမည်ဖြစ်သည်။

တတိယအဆင့်တွင် အသင့်စောင့်ကြိုနေသည့် သြစတြေးလျ၊ မြောက်ကိုရီးယား၊ တရုတ်၊ တောင်ကိုရီးယား၊ ထိုင်း စသည့် အသင်း ငါးသင်းနှင့် ဒုတိယအဆင့်မှ တက်လာသည့် အသင်း သုံးသင်း၊ စုစုပေါင်း ရှစ်သင်းမှာ အုပ်စု နှစ်စုစီခွဲပြီး ဆက်လက် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ အုပ်စုတစ်ခုစီမှ ပထမနှင့် ဒုတိယ နှစ်သင်း၊ စုစုပေါင်း လေးသင်းမှာ စတုတ္ထအဆင့်သို့ တက်လှမ်းခွင့်ရမည် ဖြစ်သည်။

စတုတ္ထအဆင့်တွင် အုပ်စုဗိုလ် နှစ်သင်းနှင့် အခြားတဖက်အုပ်စုမှ ဒုတိယ နှစ်သင်းတို့ အိမ်၊ အဝေး ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အနိုင်ရသည့် နှစ်သင်းမှာ ခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။

၂၀၂၀ အိုလံပစ်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ် ဇူလိုင် ၂၂ရက် မှ သြဂုတ် ၈ရက် အထိ ကျင်းပမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.