Connect with us

Politics, Law & Military

လာဘ်ပေးရန်ကြိုးပမ်းသူများကို အရေးယူနိုင်သည်ဟု အဂတိ တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ပြော

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည် အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

လာဘ်ငွေပေးရန် ကြိုးပမ်းသော ပုဂ္ဂလိက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို စတုတ္ထအကြိမ်မြောက် ပြင်ဆင်ထားသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အရေးယူ ဆောင်ရွက်နိုင်သည်ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ့နံနက် ပြောကြားခဲ့ သည်။

“စတုတ္ထအကြိမ် ပြငိဆင်ပြီးတဲ့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ ‘မည်သူမဆို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ တစ်နည်းနည်းဖြင့် လာဘ်ပေးရန်ကြိုးပမ်းခြင်းနှင့် မည်သူမဆို သက်ဆိုင် ရာ အစိုးရ ဌာန၊ အစိုးရ အဖွဲ့အစည်း၊ သို့မဟုတ် အခြား အဖွဲ့အစည်းများ၏ ပြည်သူ့ဘဏ္ဍာကို ကိုင်တွယ် စီမံ ဆောင်ရွက်ရာတွင် တည်ဆဲ ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများကို ဖောက်ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုများကို ထိခိုက် နစ်နာ ပျက်စီး ဆုံးရှုံး စေခြင်း သည်လည်း အဂတိ လိုက်စားမှု ဖြစ်ကြောင်း’ ပြောင်းလဲ ဖွင့်ဆိုထားသောကြောင့် လာဘ်ငွေ ပေးရန် ကြိုးပမ်းသော ပုဂ္ဂလိက အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို ဒီဥပဒေနဲ့အရေးယူ ဆောင်ရွက် နိုင်ပါတယ်” ဟု နေပြည်တော် M Gallery Hotel တွင် ယနေ့ ကျင်းပသော တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေး ဖိုရမ် (Anti- Illicit Trade Forum)၌ ကော်မရှင် ဥက္ကဋ္ဌက ပြောခဲ့ခြင်းဖြစ်သည်။

EuroCham Myanmar Executive Director Mr. Fillip Lauwerysen အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

UNODC Deputy Country Manager, Anti – Corruption Advisor Ms. Marie Pegie Cauchois အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

TRACIT Director General Mr. Jeffrey Hardy အမှာစကား ပြောကြားစဉ်။

Anti – Illicit Trade Forum ကျင်းပနေစဉ် (ဆင်ဟွာ)

အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (ဆင်ဟွာ)

EUROCHAM Myanmar က ဦးဆောင်ပြီး မြန်မာနိုင်ငံတွင် ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်သည့်် အဆိုပါ Anti – Illicit Trade Forum 2018 သို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဋ္ဌနှင့်အတူ လွှတ်တော် အမတ်များ၊ EuroCham Myanmar, UNODC, TRACIT တို့မှ အရာရှိကြီးများ၊ Partnership အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့မှ အရာရှိကြီးများ၊ ပညာရှင်များ တက်ရောက် ဆွေးနွေးခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.