ရန်ကုန်၊ ဇွန် ၁၂ ရက် (ဆင်ဟွာ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ပင်လယ်ပြင်ခရီးအတွက် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ်၌ တောင်ကျရေများ စီးဆင်းပြီး ရေတိုက်စားမှုကြောင့် ကားလမ်း ကျိုးပဲ့ ပျက်စီးကာ မြေနိုမ့် ကားလမ်း နေရာများတွင် ရေကျော်နစ်မြုပ်ခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေး အဖွဲ့ထံသို့ တက္ကသိုလ်ဝင်ခွင့်ကို ယခုလအတွင်း စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။တက္ကသိုလ်ဝင်ခွင့်လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာန ကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်းကျောင်းအုပ်ကြီးများ)ထံတွင် အမှတ်စာရင်း၊...
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) ကွမ်းခြံကုန်းမြို့နယ် မုတ်ကျွန်းဒေသတွင် ဓာတ်အားခွဲရုံတစ်ရုံကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် အတွင်း မူလ ရန်ပုံငွေဖြင့် ဆောက်လုပ်ရန် စီစဉ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှု နှင့် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်နီလာကျော်က ယနေ့ဇွန်...
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး မြစ်ငယ်မြို့၌ အကောင် အထည်ဖော် တည်ဆောက်လျက်ရှိသည့် ကုန်းတွင်းဆိပ် (Dry Port) တည်ဆောက်နေမှုပြီးစီးပါက တစ်နှစ်လျှင် လူစီးတွဲ ၁၂ဝ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ပြောကြားသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်း ဇွန်လ(၁၀)ရက်နေ့ ညနေ ၃ နာရီအချိန်မှ ၃ နာရီခွဲ အချိန်ခန့် အထိ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်အချို့ ပြိုကျပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇွန် ၁၁ ရက် (ဆင်ဟွာ) အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံကို ဇွန် ၂၃နှင့် ၂၄ ရက်များတွင် ရန်ကုန်တိုင်းဒေသကြီးရှိ MCC ခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း NLDပါတီထံမှ သိရသည်။
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) အောင်ဘာလေ ထီလက်မှတ်များကို ဝယ်ယူ ကံစမ်းကြသူ မိဘပြည်သူများ အနေဖြင့် မိမိတို့၏ ထီလက်မှတ် များကို ထီပေါက်စဉ် နှင့် တိုက်ကြည့်ပြီး ထီပေါက်ခြင်း ရှိ/မရှိ ကိုယ်တိုင် စစ်ဆေး ပေးကြပါရန် ပြည်တွင်း အခွန်များ ဦးစီးဌာနမှ အသိပေး...
ရန်ကုန် ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့်ဇနီး ဒေါ်ချိုချိုတို့သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန် အိုချာ(ငြိမ်း) ၏ ဖိတ်ကြားချက်အရ မကြာမီကာလအတွင်း ထိုင်းနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။
ရန်ကုန်၊ ဇွန် ၁၀ ရက် (ဆင်ဟွာ) ၆၈ကြိမ်မြောက် FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) ကွန်ဂရက်သို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒု-ဥက္ကဋ္ဌနှင့် အထွေထွေ အတွင်းရေးမှူးတို့ တက်ရောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှသတင်းထုတ်ပြန်သည်။