ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဘင်္ဂလား ပင်လယ်အော်အနောက် မြောကပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက် တည်ရှိနေကြောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းနေ ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာအနောက်ဖက်တွင် ယနေ့ ဇူလိုင် ၁၄ရက်နေ့ နေ့လယ် ၂နာရီဝန်းကျင်တွင် မြေပြိုကျမှုဖြစ်ပွားပြီး သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း လုံးခင်းနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ပြောကြားသည်။
နေပြည်တော်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၊ ၂၁ ရာစု ပင်လုံညီလာခံ တတိယအစည်းအဝေး၊ တတိယ နေ့တွင် အစု အဖွဲ့ငါးခုတို့က ကဏ္ဍအလိုက် ဆွေးနွေးပွဲများ ကျင်းပခဲ့ကြပြီး မြေယာ၊ သယံဇာတ ကဏ္ဍနှင့် စီးပွားရေး ကဏ္ဍတို့တွင် သဘောတူညီမှုများ ရရှိထားကြပြီး...
နေပြည်တော်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ယခု ကျင်းပလျက်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ တတိယ အစည်း အဝေး အပြီးတွင် NCA ၌ လက်မှတ်ရေးထိုးလာမည့် အဖွဲ့များ တိုးလာမည်ဟု မျှော်လင့်ထားကြောင်း UPDJC အတွင်းရေးမှူး၊ ညီလာခံ...
နေပြည်တော်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ၏ ကိုယ်စားလှယ်ရုံး ၁၂ ခု ပါဝင်သော ရုံးသစ်ကို နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ UMFCCI အဆောက်အအုံ အောက်ထပ်တွင် ယမန်နေ့ ညနေပိုင်းက ဖွင့်လှစ်ခဲ့ရာ The United Nations Assistant Secretary-General Mr. Haoliang...
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) မြန်မာရွှေ့ပြောင်းလုပ်သားများအရေး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ရွှေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) ညွှန်ကြားရေးမှူးချုပ် Mr. William Lacy Swingတို့ ယနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ မောင်တောမြို့ သင်္ဘောကွေ့ကျေးရွာ မီးလောင်ပြင်နေရာ၌ ဥပဒေမဲ့နေထိုင်သူများအား ရှင်းလင်း ဖယ်ရှားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နေပြည်တော် ၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံ တတိယ အစည်းအဝေး ညီလာခံ ဒုတိယနေ့ဖြစ်သည့် ဇူလိုင် ၁၂ ရက်တွင် အစိုးရ ၊ လွှတ်တော် ၊ တပ်မတော် နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ...
ရန်ကုန်၊ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) မိသားစု စီမံကိန်းကို လက်လှမ်းမီ ရယူနိုင်မည်ဆိုပါက သားဖွားမိခင်သေဆုံးမှုကို (၃၀)ရာခိုင်နှုန်းထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ကမ္ဘာ့လူဦးရေနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ) မြန်မာ့ပင်လယ်ပြင်တွင်း အင်အားရစ်ချ်တာစကေး(၅.ဝ)အဆင့်ရှိ အသင့်အတင့်ရှိသော မြေငလျင်တစ်ခု ယနေ့ နံနက် ၉နာရီ၁၀မိနစ်တွင် လှုပ်ခတ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သော သတင်းအရ သိရသည်။