Connect with us

Politics, Law & Military

ဝက်ဝံရုပ်များ အတွင်းထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြားမျာ ဖမ်းမိ

ဖမ်းဆီးရမိသော စိတ်ကြွဆေးပြားနှင့် တရားခံအားတွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့တွင် ဝက်ဝံရုပ်များအတွင်း ထည့်ထားသော စိတ်ကြွရူးသွပ်ဆေးပြားများအားကို ဖမ်းဆီးရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

မိုးမိတ်မြို့နယ် လက်ခုပ်တန်းရပ်ကွက်ရှိ အောင်ဆိုင်း၏ နေအိမ်၌ မူးယစ်ဆေးဝါးရောင်းချနေကြောင်း သတင်းရရှိသဖြင့် သက်သေများနှင့် အတူဝင်ရောက်ရှာဖွေရာ ၎င်း၏နေအိမ်အပေါ်ထပ်ရှိ အိပ်ခန်းအတွင်း၌ LOVE စာတမ်းပါ အဖြူရောင်ဝက်ဝံရုပ်နှင့်မြင်းချေးရောင်ဝက်ဝံရုပ် (၂)ရုပ်အတွင်းမှ WY စာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြားဟု ယူဆရသော ပန်းရောင် ဆေးပြား (၂၀၀)ပြားပါ (၈၅)ထုပ်၊ စုစုပေါင်းဆေးပြား(၁၇၀၀၀)ပြား၊ အလေးချိန် (၁၅၃၀)ဂရမ်ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ရှာဖွေရာ အခန်းအတွင်းဘီရိုအောက်ထပ်၌ မူးယစ်ဆေးဝါး ရောင်းချရငွေ ဟုယူဆရသော ကျပ် ၁,၈၉၅,၀၀၀ကျပ်တို့အား ရှာဖွေတွေ့ရှိသဖြင့် တရားမဝင် မူးယစ်ဆေးဝါးများအား ရောင်းချရန်အလို့ငှာ လက်ဝယ်ထားရှိသူ အောင်ဆိုင်း (ဘ)ဦးလှဆိုင်းအား မိုးမိတ်မြို့နယ်ရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.