Connect with us

Social

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ၂၀၁၉ခုနှစ်တွင် ဖွင့်လှစ်မည်

ရုပ်ရှင်သမိုင်းပြတိုက်အား တွေ့ရစဉ်(MOI)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

မြန်မာ့ရုပ်ရှင်သမိုင်းပြတိုက်ကို ၂၀၁၉ခုနှစ် မြန်မာရုပ်ရှင် နှစ် ၁ဝဝ ပြည့်အမီ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ရုပ်ရှင်သမိုင်းပြတိုက်တွင် ထည့်သွင်းပြသမည့် ပြခန်း ခြောက်ခန်းကို ရုပ်ရှင်အနုပညာရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များက မိမိအပိုင်း အလိုက် တာဝန်ယူဆောင်ရွက်မည်ဖြစ် ကြောင်း၊ ပြခန်းများတွင် ငွေရတုပြခန်း၊ ရွှေရတုပြခန်း၊ စိန်ရတု ပြခန်း၊ ရုပ်ရှင် နှစ် ၁ဝဝ ပြည့် အကြိုပြခန်း၊ စက်မှုပြခန်းနှင့် ရုပ်ရှင်ထူးချွန်ဆုပြခန်း တို့ဖြစ်ကြောင်း သိရသည်။

ပြခန်းများတွင် မြန်မာ့ရုပ်ရှင် ခေတ်ဦး ၁၉၂ဝ ပြည့်နှစ်က ရိုက်ကူးခဲ့ သော ကင်မရာများကို ထည့်သွင်းပြသမည်ဖြစ်ကြောင်း၊ ၁၉၂ဝ-၁၉၄၅ ခုနှစ် ကာလမှာ ငွေရတုကာလဖြစ်သော်လည်း ၁၉၄၇ ခုနှစ်မှသာ စက်မှုပြပွဲနှင့်အတူ မြန်မာ့ရုပ်ရှင်ငွေရတုကို ရွှေတိဂုံစေတီ အနောက်ဘက်တွင် ကျင်းပခဲ့ရာ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တက်ရောက် ချီးမြှင့်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.