Connect with us

Politics, Law & Military

ဘူးသီးတောင်မြို့ တွင် ကျပ် ၄၃,၅၈၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိ

ဘူးသီးတောင်မြို့နယ်တွင် ဖမ်းဆီးရမိသော စိတ်ကြွရူးသွပ်ဆေးပြားများနှင့် တရားခံအားတွေ့ရစဉ်(ပြည်ထဲရေး)

ရန်ကုန်၊ သြဂုတ် ၂၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်တွင် သြဂုတ် ၂၅ ရက်နေ့ မွန်းလွဲပိုင်းက ကျပ် ၄၃,၅၈၂ ဒသမ ၅ သိန်းတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

ဘူးသီးတောင်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဘူးသီးတောင်မြို့၊ အမှတ်(၅)ရပ်ကွက်၊ မြို့ဝင်/ထွက် စစ်ဆေးရေးဂိတ်တွင် အောင်မျိုးလွင် မောင်းနှင်ပြီး ကျော်စိုးဦး(ခ)ခင်မောင်ဝင်း လိုက်ပါလာသည့် VOXY မော်တော်ယာဉ် ရောက်ရှိလာ၍ ရှာဖွေရာ ယာဉ်နောက်ခန်းရှိ ပီနံအိတ် ၈ အိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၄၅၂,၇၅၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်လာသော လူနှစ်ဦးကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူ ထားကြောင်း သိရသည်။(Xinhua)