နေပြည်တော်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ မပြဌာန်းရသေးသော အခွန်အကောက်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဥပဒေကြမ်း (Tax Administration and Procedure Law)ကို စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက ယနေ့ ပြည် ထောင်စု လွှတ်တော် အစည်းအဝေးသို့ ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား...
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၌အခွန်ထမ်းသူနှင့် အခွန်ဝန်ထမ်းတို့ထိတွေ့ရန်မလိုသည့် အခွန်ထမ်းဆောင်သူကိုယ်တိုင် အခွန်စည်း ကြပ် သည့်စနစ်(SAS)ကို ပြောင်းလဲကျင့်သုံးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်နေအိမ်စာကျက်ဝိုင်း၌ ကြမ်းပိုးသတ်ဆေးဖြန်းထား ရာမှ ဆရာမ ၁ ဦး၊ ကျောင်းသူ ၁၈ ဦး အသက်ရှူကြပ်၍ ဆေးရုံ တက်ရောက်ခဲ့ရမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ (၈၄)လမ်း၊ (၂၈×၂၇)ကြား၊ မန်းမြန်မာဈေးချိုပလာဇာအပေါ်ထပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ၁၁း၅၅ နာရီ တွင်မီးငြိမ်းကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာကိုပြောသည်။
ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၂၄၇၉ဝ ဧက စိုက်ပျိုး သွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီး ဌာန ထံမှ သိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) ချင်းပြည်နယ်၊ ပလက်ဝ-ဆမီး-မတူပီလမ်းပိုင်းပေါ်တွင် မြစ်ကူးတံတားတစ်စင်းကို တည်ဆောက်ပေးလျက်ရှိရာ ၃၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ) မြန်မာ- ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ နယ်စပ်မျဉ်းအနီး နေထိုင်ခွင့်မရှိသော နေရာတွင် လူဦးရေ၊ အိမ်ထောင်စုများ တရားမဝင် တိုးပွားလာမှုကို သတင်းဖလှယ်မှုမရှိခြင်းသည် နှစ်နိုင်ငံအကြား ချုပ်ဆိုထားသော နယ်နိမိတ်စာချုပ်ပါ သတ်မှတ်ချက်များကို ချိုးဖောက်ရာရောက်သဖြင့် မြန်မာနိုင်ငံဘက်မှ တရားဝင် ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော...
နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ) ပညာရေးဝန်ကြီးဌာနသည် တည်ဆောက်ရေးလုပ်ငန်းများအတွက် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ကျပ် ၈၇ ဒသမ ၅၈၇ ဘီလျံကျော် သုံးစွဲခဲ့ရာ ယမန်နှစ်ကထက် နှစ်ဆကျော် သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယနေ့ညနေ...
နေပြည်တော်၊ မေလ ၂၁ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၏ မိုဘိုင်းဖုန်းသုံးစွဲမှုမှာ တစ်နှစ်တာအတွင်း အလုံးရေ ငါးသိန်းခွဲခန့် တိုးလာသည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်က ယနေ့ညနေ သတင်းစာ ရှင်းပွဲ၌ ပြောကြားသည်။
နေပြည်တော်၊ မေ ၂၁ ရက်(ဆင်ဟွာ) မြန်မာအမျိုးသား လေကြောင်းသည် ကော်ပိုရေးရှင်းအသွင်သို့ ပြောင်းလဲဆောင်ရွက်ခဲ့ရာ ယခင်က ပုံသေပိုင် ပစ္စည်း တန်ဖိုး ၉၈ ဘီလျံသာ ရှိခဲ့ရာမှ ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ၃၀၂ ဘီလျံ ရှိလာ သဖြင့် နိုင်ငံတော်က ၂၀၄ ဘီလျံ...