Connect with us

Social

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) သြဂုတ် ၁၁ ရက် မှ ၁၃ ရက်အထိ မန္တလေး တက္ကသိုလ်၌ ကျင်းပရန် စီစဉ်

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မန္တလေး) ကျင်းပရေး ညှိနှိုင်း အစည်းအဝေးအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ)

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)အား သြဂုတ် ၁၁ ရက်မှ ၁၃ ရက်အထိ မန္တလေး တက္ကသိုလ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က လူငယ် ဘက်စုံ ဖွံ့ဖြိုးရေး ပွဲတော် (မန္တလေး) ၏ ထူးခြားချက်အနေဖြင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မန္တလေးအခြေစိုက် တက္ကသိုလ်များမှ ကျောင်းသား ၊ ကျောင်းသူ လူငယ်များ ဆွေးနွေးမည့် စာပေစကား ဝိုင်းပါဝင်မည် ဖြစ်ကြောင်း ၊ ပွဲတော်တွင် ပညာရပ် ဆိုင်ရာ ပြခန်းများကို ထူးထူးခြားခြားဖြင့် များများထည့်သွင်း ပြသလိုကြောင်း ဇူလိုင် ၂၄ ရက်တွင် ပြုလုပ်သော ပွဲတော် ကျင်းပရေး ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)တွင် စာပေဆိုင်ရာလှုပ်ရှားမှုများ၊ အားကစားဆိုင်ရာ လှုပ်ရှားမှုများ၊ အနုပညာ ဆိုင်ရာ လှုပ်ရှားမှုများ၊ အိုင်တီနည်းပညာဆိုင်ရာ လှုပ်ရှားမှုများ၊ ဖျော်ဖြေရေးနှင့် ပညာပေး အစီအစဉ်များ ၊ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာ ပြပွဲများ ထည့်သွင်းကျင်းပနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဗလ ငါးတန် ဖြင့် ပြည့်စုံသော လူငယ်များ ပေါ်ထွန်း လာစေရန် ရည်ရွယ်ချက်ဖြင့် လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)ကို ကျင်းပခြင်း ဖြစ်ကြောင်း ၊ လူငယ်ဘက်စုံ ဖွံ့ဖြိုးရေးပွဲတော် (မန္တလေး)ကို မန္တလေးတက္ကသိုလ်တွင် ကျင်းပ နိုင်ခြင်းဖြင့် တက္ကသိုလ်၏ သမိုင်းပုံရိပ်ကို ရရှိစေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လူငယ်ဘက်စုံဖွံ့ဖြိုးရေးပွဲတော် (ရန်ကုန်) ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၁ ရက်မှ ၃ ရက်အထိ ရန်ကုန် တက္ကသိုလ် ၌ ကျင်းပခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.