Connect with us

Politics, Law & Military

မြန်မာသံရုံးအားလုံး ၂၀၂၀ ပြည့်နှစ်တွင် အမြင်တင့်တယ်ရေး ပြင်ဆင်လျက်ရှိ

အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးကျော်တင် ရှင်းလင်း တင်ပြစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

နိုင်ငံခြားရေးဝန်ကြီးဌာန၏ ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် ရည်မှန်းချက်များတွင် “နိုင်ငံတကာ မျက်နှာစာ တွင် မိမိတို့ နိုင်ငံနှင့် လူမျိုး၏ ပုံရိပ်များ ပြန်လည် မြင့်တက်လာစေရန်” ဟူသည့် အချက်လည်း ပါဝင်ပြီး အဆိုပါ ရည်မှန်းချက်အရ ပြည်ပတွင် ရှိသော မြန်မာသံရုံးများ အားလုံး ၂၀၂၀ ပြည့်နှစ်တွင် အမြင်တင့်တယ် လှပစေရေးအတွက် ဆောင်ရွက်လျက်ရှိသည်ဟု အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် ယနေ့ ပြောကြားခဲ့သည်။

“ပြည်ပမှာ ရှိတဲ့ မြန်မာသံရုံးများကို သံတမန် ဂုဏ်သိက္ခာ အဆင့်နဲ့ အညီ တင့်တယ်လှပစေရန် သက္ကရာဇ် ၂၀၂၀ ပြည့်နှစ်မှာ ပြည်ပရှိ နိုင်ငံတော်ပိုင် မြန်မာသံရုံးများ အားလုံး အမြင် တင့်တယ် လှပစေရန် ရည်မှန်းချက်ထားရှိပြီးတော့ သက်တမ်းကြာမြင့်နေပြီ ဖြစ်တဲ့ နိုင်ငံတော်ပိုင် သံရုံး၊ အဖွဲ့ရုံး အဆောက်အအုံများကို မွမ်းမံ ထိန်းသိမ်းခြင်းနဲ့ အသစ်ပြန်လည် တည်ဆောက်ခြင်းများ ပြုလုပ်လျက် ရှိပါတယ်” ဟု ၂၀၁၈ – ၁၉ ဘဏ္ဍာရေးနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းနှင့် ပြည်ထောင်စု ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ နိုင်ငံခြားရေး ဝန်ကြီး ဌာနအတွက် ပြည်ထောင်စု လွှတ်တော်သို့ ရှင်းလင်း တင်ပြရာတွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပြည်ထောင်စု လွှတ်တော် အစည်းအဝေးအပြီး ကိုယ်စားလှယ်များအား တွေ့ရစဉ် (ဆင်ဟွာ)

ထိုသို့ ဆောင်ရွက်ရာတွင် မြန်မာ သံတမန်နှင့် ကောင်စစ်ဝန်အဖွဲ့ရုံး ဆောက်လုပ်ရေး ကဏ္ဍ၌ ပရီတိုးရီးယားမြို့ ရှိ နိုင်ငံတော်ပိုင် မြန်မာသံရုံး အကြီးအကဲ နေအိမ် ဆောက်လုပ်ခြင်း၊ မြန်မာသံရုံး လန်ဒန်မြို့ ရှိ သံရုံး အဆောက်အအုံ အား အကြီးစား မွမ်းမံမှုများ ပြုလုပ်ခြင်း၊ မြန်မာသံရုံး ကင်ဘရာ မြို့ သံရုံးဝင်း အတွင်းမှာ 4-unit ဝန်ထမ်းအိမ်ယာ အသစ် ဆောက်လုပ်ခြင်း လုပ်ငန်းများအား ၁၈ လ စီမံကိန်းဖြင့် ဆောင်ရွက်နေပြီ ဖြစ်၍ ကျန် ၁၂ လအတွက် လျာထားခြင်း၊ မြန်မာ သံရုံး ၊ ကိုလံဘိုမြို့မှ သံရုံး အဆောက်အအုံ ဝယ်ယူခြင်း၊့ သံရုံး ဆယ်ရုံးရှိ နိုင်ငံတော်ပိုင် အဆောက်အအုံများ အကြီးစား မွမ်းမံ ပြင်ဆင်ခြင်းးတို့ ပါဝင်ကြောင်း ပြည်ထောင်စု ဝန်ကြီးက လွှတ်တော်သို့ တင်ပြခဲ့သည်။

အခြားကဏ္ဍများ အဖြစ်… နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီးရုံးအတွက် web portal အသစ် ရေးဆွဲခြင်း၊ e – goverment စနစ်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ မြန်မာ – ထိုင်း ၊ မြန်မာ – တရုတ်၊ မြန်မာ – အိန္ဒိယ နယ်နိမိတ် မှတ်တိုင်စိုက်ထူခြင်း၊ မြန်မာ သံရုံး ကိုလံဘိုမြို့မှ မြေဝယ်ယူခြင်း၊ မြန်မာ သံရုံး ပရီတိုးရီးယားမြို့နှင့် ကမ်ဘရာမြို့တို့မှ website တည်ထောင်ခြင်း တို့ကို ထည့်သွင်း အဆိုပြုထားပါကြောင်း၊ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် ၂၀၁၈ – ၁၉ ခု ဘဏ္ဍာနှစ် နိုင်ငံခြားရေး ဝန်ကြီးဌာနအတွက် သာမန် အသုံးစရိတ်နှင့် ငွေလုံးငွေရင်းအသုံးစရိတ် စုစုပေါင်း ကျပ်သန်းပေါင်း ၆၆၀၉၁ ဒသမ ၂၅၅ နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.