Connect with us

Science & Technology

လူသားရင်းမြစ် ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အလေးထား ရင်းနှီးမြှုပ်နှံမည်

လူသားရင်းမြစ် တိုးတက်ရေးအတွက် အလုပ်သမားများအကြား ကျွမ်းကျင်မှုပြိုင်ပွဲ တစ်ရပ်ကျင်းပနေစဉ် (ဆင်ဟွာ)

နေပြည်တော်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ)

အမျိုးသား စီမံကိန်းများကို အကောင်အထည်ဖော်ရာတွင် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်း ဖြစ်သော လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို အလေးထား ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၂၀၁၈ – ၁၉ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြ ပါရှိသည်။

“နိုင်ငံတော်နဲ့ နိုင်ငံသားများအတွက် လက်ငင်း၊ ရေတိုနှင့် ရေရှည် အကျိုးဖြစ်ထွန်းစေပြီး ထာဝရ ရှင်သန်စေမည့် အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းဖြစ်သော လူသား အရင်းအမြစ်များ ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုကို အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စု အစိုးရ အဖွဲ့က တင်သွင်းလာသော အဆိုပါ ဥပဒေကြမ်းနှင့် ပတ်သက်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းက ယမန်နေ့ပြည်ထောင်စု လွှတ်တော် အစည်းအဝေး တွင် ရှင်းပြခဲ့သည်။

အဆိုပါ ဥပဒေကြမ်းအရ ပိုင်ဆိုင်မှု အခန်းအလိုက် ရင်းနှီးမြှုပ်နှံမှု လျာထားချက်များမှာ နိုင်ငံပိုင် အခန်း ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် ပမာဏသည် ရင်းနှီးမြှုပ်နှံမှု အားလုံး၏ ၂၄ ဒသမ ၄ ရာခိုင်နှုန်း (ကျပ် ၈၄၇၆၃၂၀ ဒသမ ၉ သန်း)၊ သမဝါယမပိုင် အခန်းကဏ္ဍတွင် ၀ ဒသမ ၀၁ ရာခိုင်နှုန်း( ကျပ် ၄၆၆၁ ဒသမ ၃ သန်း) နှင့် ပုဂ္ဂလိကပိုင် အခန်းကဏ္ဍတွင် ၇၅ ဒသမ ၆ ရာခိုင်နှုန်း (ကျပ် ၂၄၈၆၅၀၉၆ ဒသမ ၁ သန်း) လျာထားကြောင်းလည်း ပြည်ထောင်စု ဝန်ကြီးက ပြောခဲ့သည်။

‘၂၀၁၈ – ၁၉ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများသည် ဖြစ်မြောက်နိုင်စွမ်း ရှိ မရှိ၊ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိ မရှိ၊ ပြည်သူများအတွက် အကျိုး ရှိ မရှိ၊ ဒေသဖွံ့ဖြိုးရေးကို အထောက်အကူ ပြု မပြု၊ ပတ်ဝန်းကျင်ကို ထိခိုက်မှု ရှိ မရှိ စသည်တို့ကို ဘက်စုံလေ့လာပြီး ပြည် ထောင်စု အစိုးရအဖွဲ့၏ သဘောတူ ခွင့်ပြုချက်ရရှိထားပြီးသော လုပ်ငန်းစီမံကိန်းများသာ ဖြစ်ရ မည်’ ဟုလည်းကောင်း၊ ‘အမျိုးသား စီမံကိန်းတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး၊ အမျိုးသား စည်းလုံး ညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်သော စီမံကိန်းများနှင့် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေးကို အထောက်အကူပြုသော စီမံကိန်းများ ပါဝင်ရမည်’… ဟုလည်းကောင်း အဆိုပါ အမျိုးသား စီမံကိန်း ဥပဒေကြမ်းတွင် ဖော်ပြ ပါရှိသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117