Connect with us

Environment, Disasters & Accidents

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းဝကျေးရွာရှိ ကျခတ်ချောင်းကူးတံတား ရေ ၄ ပေခန့် မြင့်တက်လျက်ရှိ

ကရင်ပြည်နယ်ရှိ ရေကြီးရေလျှံမှုတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--ပြည်ထဲရေးဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ချောင်းဝကျေးရွာရှိ ကျခတ်ချောင်းကူးတံတားပေါ်တွင် ဇူလိုင်လ ၂၃ ရက်နေ့ ၀၆း၀၀နာရီ အချိန် ဇမိမြစ်ရေမြင့်တက်မှုကြောင့် ရေ ၄ ပေခန့် မြင့်တက်လျက်ရှိပြီး မော်တော်ယာဉ်များ သွားလာ၍မရကြောင်းနှင့် နတ်ချောင်းအလယ် ကျေးရွာပါ ၄ ရွာသို့ ရေဝင်ရောက်လျက်ရှိသောကြောင့် စာသင်ကျောင်း ၅ ကျောင်းအား ယာယီပိတ်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။

အလားတူ ဝရး၀၀နာရီ အချိန်တွင် မိုးရွာသွန်းပြီး ကရင်ပြည်နယ် လှိုင်းဘွဲချောင်းရေဝင်ရောက်မှုကြောင့် လှိုင်းဘွဲမြို့နယ် ပြည်သူ့ဆေးရုံ၌ တက်ရောက်ကုသမှုခံယူလျက်ရှိသော လူနာ ၂၁ ဦးတို့အား (ခ)ရပ်ကွက် မြို့မပရိယတ္တိ စာသင်တိုက်သို့ ပြောင်းရွှေ့ကုသပေးလျက်ရှိပြီး ခရဲကမ်းနားရွာရှိ စာသင်ကျောင်း ၁ ကျောင်းအား ယာယီ ပိတ်ထားကြောင်းသိရသည်။

အလားတူ ဝရး၀၅ နာရီ အချိန်တွင် ကရင်ပြည်နယ် ဂျို့ချောင်းကျေးရွာအနီးရှိ ရွှေဂွန်း-မြိုင်ကြီးငူသွား ကားလမ်းပေါ်၌ သံလွင်မြစ်ရေ မြင့်တက်မှုကြောင့် အရှည် ၂၀၀ ပေခန့်၊ ရေအမြင့် ၃ ပေခန့် ရေကျော်နေ၍ ယာဉ်ကြီးများသာ သွားလာနိုင်ပြီး ယာဉ်ငယ်များသွားလာနိုင်ခြင်း မရှိကြောင်းနှင့် ရွှေဂွန်း ကျေးရွာရှိ သံလွင်မြစ်ရေ၏ စိုးရိမ်ရေအမှတ်မှာ ၉၈၀ စင်တီမီတာဖြစ်ပြီး တိုင်းထွာချက် အရ စိုးရိမ်ရေအမှတ်အထက် ၉၀ စင်တီမီတာ ကျော်လွန်နေကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.