ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) သြင်္ကန်ပွဲတော်ကာလတွင် အေးချမ်းပျော်ရွင်စွာရေးကစားနိုင်ရေးအတွက် ပြည်သူများမှ အကူအညီ တောင်းခံလာပါက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ချက်ခြင်းကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံလိုပါက ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး 199 Call Center ရှိ ဖုန်းအမှတ် 199, 012323199 များသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ၁၅ကြိမ်မြောက် ရခိုင်ရိုးရာယဉ်ကျေးမှုသြင်္ကန်ပွဲတော်-ရန်ကုန် ၊ ရခိုင်ရိုးရာရေလောင်းမဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ ဧပြီလ ၁၃ ရက်နေ့တွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီးဦးဇော်အေးမောင်၊ ပွဲကျင်းပရေးဗဟိုကော်မတီဥက္ကဋ္ဌ ဦးအေးမောင် နှင့်တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ရေပက်ကစားသူများ နှင့် စည်ကားလျက်ရှိကြောင်းသိရသည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ရန်ကုန်သြင်္ကန် စာတန်းထိုးထားသည့် အဝင်မုဒ်ဦး တွင် ရေမှုန်ရေမွှား များကျလျရှိပြီး နံနက်ခင်း နေထွက် စအချိန် တွင်ပင်လမ်းလျှောက်၍ ရေပက်ခံသူများ ဖြင့် အသက်ဝင်လျက်ရှိသည်။
မန္တလေး၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ယခု ကျရောက်သော မြန်မာ့ရိုးရာနှစ်သစ်ကူး အချိန်အခါကာလသည် နှစ်သစ်အတွက် သမ္မတအသစ်၊ အားသစ် အင်သစ် ရည်မှန်းချက် အသစ်များဖြင့် နိုင်ငံသား အားလုံးက စည်းလုံး ညီညွတ်စွာ ဆောင် ရွက် ကြမည့် အချိန်အခါ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ၁၃၇၉ ခုနှစ် မဟာသြင်္ကန် ရန်ကုန်ဗဟိုမဏ္ဍပ် ဖွင့်ပွဲကို သြင်္ကန်အကြိုနေ့ ဧပြီ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့တော် ခန်းမ ရှေ့ ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် သည် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြနှင့် အဖွဲ့ဝင်များအား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမတွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက ထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ရခိုင် ရိုးရာ ယဉ်ကျေးမှု နှင့် အညီ ရခိုင် ရိုးရာ ယဉ်ကျေးမှု သြင်္ကန် ပွဲတော်(ရန်ကုန်)၏ ရခိုင် ရိုးရာ နံသာသွေး ပြိုင်ပွဲကို ယနေ့ဧပြီ ၁၂ ရက်တွင် ရန်ကုန်မြို့ဗဟန်းမြို့နယ်ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံ၌ စတင်...
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ရှိ ဆံတော်ရှင်မြတ်အား (၁၉.၄.၂၀၁၈) ရက်နေ့ မှ (၂၄.၄.၂၀၁၈)ရက်နေ့အထိ ရွှေတိဂုံစေတီတော်သို့ပင့်ဆောင်အပူဇော်ခံမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ငွေကျပ် ၁၇,၄၄၄.၂၆၃၆ သိန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်ရှိ အေးရှားဝေါ တိုးဂိတ်အနီး၌ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ယနေ့သတင်းထုတ်ပြန်သည်။