Connect with us

Politics, Law & Military

ကရင်ပြည်နယ် တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးအဖွဲ့ မှ တရားမဝင် တင်သွင်းလာသည့် စက်သုံးဆီများ သိမ်းဆည်းရမိ

စက်သုံးဆီတင်သွင်းလာသည့် ယာဉ်တစ်စီးအားတွေ့ရစဉ် (ဓာတ်ပုံ--ကြေးမုံ)

ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ကရင်ပြည်နယ် တရားမဝင်ကုန်သွယ် မှုတားဆီးထိန်းချုပ်ရေးအဖွဲ့က အခွန် ပေးဆောင်ခြင်းမရှိဘဲ တစ်ဖက် နိုင်ငံမှ တရားမဝင်တင်သွင်းလာသော စက်သုံးဆီများတင်ဆောင်လာသည့် ယာဉ်သုံးစီးကို ထပ်မံသိမ်းဆည်းရမိ ခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်အတွင်း တရား မဝင် ကုန်သွယ်မှုများ စစ်ဆေး ထိန်းချုပ် ဆောင်ရွက်နိုင်ရန်အတွက် ရွေ့လျားစနစ်ဖြင့် ကုန်တင်ယာဉ်များ အား စစ်ဆေးရာ ဇွန် ၃ဝ ရက် နံနက် ၅ နာရီခွဲခန့်က ဘားအံ-ထုံးအိုင်လမ်း သံလွင်တံတား သုံးမြောင့်လမ်းဆုံ အနီးတွင် မြဝတီမှ သထုံသို့ ဝင်းမျိုးဇော်(ခ)မျိုးဇော် မောင်းနှင်ပြီး ယာဉ်နောက်လိုက် ချစ်နိုင်(ခ)ဦးကြီး လိုက်ပါလာသော 3D/—-NISSAN DIESEL အမျိုးအစား အဖြူ၊ အစိမ်းရောင် ရှစ်ဘီးဘောက်ဆာ ယာဉ်ပေါ်၌ ဒီဇယ်ဂါလန် ၃၂ဝဝ ခန့်နှင့် အောင်သူဟိန်း မောင်းနှင်ပြီး ချမ်းမြေ့ဟိန်း လိုက်ပါလာသည့် 8J/ —- UD ဘောက်ဆာ ရှစ်ဘီး အပြာရောင်ယာဉ်ပေါ်တွင် ဒီဇယ် ဂါလန် ၄ဝဝဝ ခန့် စုစုပေါင်းဒီဇယ် ဂါလန် ၇၂ဝဝ ခန့်ကို လည်းကောင်း၊ ဆက်လက်စစ်ဆေးရာ နံနက် ၅ နာရီ မိနစ် ၄ဝ ခန့်တွင် ဘားအံမြို့နယ် အိန္ဒုကျေးရွာအနီး ဘားအံ-မြဝတီ ကားလမ်းပေါ်၌ ယာဉ်မောင်း ငြိမ်းဝေထူး(ခ)အညာသား မောင်းနှင် ပြီး ယာဉ်နောက်လိုက် ဝင်းမင်းဌေး လိုက်ပါလာသည့် 3L/—- NISSAN DIESEL ယာဉ်ပေါ်မှ စက်သုံးဆီ(ဓာတ်ဆီ) ဂါလန် ၇ဝဝဝ ခန့်ကိုလည်းကောင်း စစ်ဆေးတွေ့ရှိ ရာ 3D ဘောက်ဆာ၊ 8J/—ဘောက်ဆာတို့ တင်ဆောင်လာသည့် ဒီဇယ်ဂါလန်တို့မှာ အခွန်ဆောင် ထားခြင်းမရှိကြောင်း၊ 3L/—-ဘောက်ဆာယာဉ်ဖြင့် တင်ဆောင် လာသည့် ဓာတ်ဆီဂါလန် ၇ဝဝဝ မှာ ဂါလန် ၂ဝဝဝ သာ အခွန်ပေးဆောင် ထားပြီး ဂါလန် ၅ဝဝဝ မှာ အခွန် ဆောင်ထားခြင်းမရှိဘဲ တရားမဝင် တင်သွင်းခဲ့ကြောင်း စစ်ဆေးသိရှိရ သည်။

ထို့ကြောင့် တစ်ဖက်နိုင်ငံမှ တရားမဝင် တင်သွင်းလာသော စက်သုံးဆီများ သယ်ဆောင်သူ များဖြစ်သော ဝင်းမျိုးဇော်(ခ)မျိုးဇော်၊ ချစ်နိုင်(ခ)ဦးကြီး၊ အောင်သူဟိန်း၊ ချမ်းမြေ့ဟိန်း၊ ငြိမ်းဝေထူး(ခ)အညာသားနှင့် ဝင်းမင်းဌေးတို့ ခြောက်ဦးကို ပို့ကုန်သွင်းကုန် ဥပဒေ ဖြင့် ဘားအံမြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ကရင်ပြည်နယ် တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့ဖြင့် တစ်ဖက်နိုင်ငံမှ တရား မဝင် ကုန်သွယ်မှုများ တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ဇွန် ၂၉ ရက် မှစတင်ပြီး ရွေ့လျားစနစ်ဖြင့် စစ်ဆေး ခြင်းများ ဆောင်ရွက်ခဲ့ရာ ဇူလိုင် ၃ ရက်အထိ ဆီဘောက်ဆာယာဉ် ငါးစီးနှင့် ကွမ်းသီးတွဲယာဉ်သုံးစီးတို့ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါယာဉ် များဖြင့် သယ်ဆောင်လာသည့် တရား မဝင် ကုန်ပစ္စည်းစုစုပေါင်းဓာတ်ဆီ ဂါလန် ၁၄၄ဝဝ၊ ဒီဇယ်ဂါလန် ၇၂ဝဝ၊ ကွမ်းသီး ၁ဝ၁၈ အိတ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး အရေးယူထား ကြောင်း ကြေးမုံသတင်း တွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.