Connect with us

Politics, Law & Military

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြုစေရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ မော်တော်ယာဉ်များ လှူဒါန်း


ရန်ကုန်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အထောက်အကူပြုရန် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ မော်တော်ယာဉ် ၁၀စီး ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ရန်ကုန်မြို့ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

“ ယနေ့ ကား၁၀စီးလှူဒါန်းရတဲ့ အခမ်းအနားကို တက်ရောက်ရတဲ့အတွက် လွန်စွာဝမ်းမြောက်ပါတယ်၊ မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ တရုတ်သံရုံးမှ JMCထံသို့ မော်တော်ယာဉ်လှူဒါန်းရခြင်းက JMC ဝန်ထမ်းတွေ သက်ဆိုင်ရာဒေသသို့ လျင်မြန်စွာသွားရောက်ပြီး လုပ်ငန်းများလုပ်ဆောင်နိုင်ရန်နှင့် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်ဖြစ်ပါတယ်၊ ယခုအချိန်လှူဒါန်းတဲ့ မော်တော်ယာဉ်တွေက JMCရဲ့ စွမ်းဆောင်ရည် တိုးမြှင့်ရေးအတွက် ဆောင်ရွက်ပေးနိုင်ရန် မျှော်လင့်ပါတယ်၊ JMCက မြန်မာနိုင်ငံရဲ့အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်တဲ့ အရေးပါတဲ့ အဖွဲ့အစည်းဖြစ်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို တွန်းအားပေးရာမှာ အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်လျက်ရှိပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာဟုန်လျန်က ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ(JMC )သို့ မော်တော်ယာဉ်များ လှူဒါန်းစဉ်(ဆင်ဟွာ)

JMC၏ စွမ်းရည် အဆက်မပြတ် တိုးတက်လာသည်နှင့်အမျှ အပစ်ခတ်တိုက်ခိုက်မှုကို ပိုမိုအာမခံလာနိုင်မည်ဟု ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နိုင်ငံတော် အောင်မြင်စွာ အသွင်ကူးပြောင်းနိုင်ရေးနှင့် တရုတ်-မြန်မာ နယ်စပ် ဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လွန်စွာအရေးကြောင်း သံအမတ်ကြီး မစ္စတာဟုန်လျန်က ဆိုသည်။

“ တရုတ်နိုင်ငံက ခု ကား ၁၀စီးအပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လူအားရော၊ ငွေအားရော အမြဲကူညီဆောင်ရွက်ပေးနေပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးကိုလည်း ဆောင်ရွက်ပေးနေပါတယ်၊ ခုလို ကားလှူဒါန်းတာဟာ JMCအတွက် အထောက်အကူဖြစ်ပါတယ်၊ JMCရဲ့ နေ့စဉ်လုပ်ငန်းစဉ်တွေမှာ အထောက်အကူပြုမှာဖြစ်ပါတယ်”ဟု JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ သံအမတ်ကြီး မစ္စတာဟုန်လျန်၊ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဥက္ကဋ္ဌ (၁) ဗိုလ်ချုပ်စောအိုင်းဇက်ဖိုး (KNU) နှင့် ဒုတိယဥက္ကဋ္ဌ (၂) စိုင်းမျိုးသန့်တို့အပြင် တရုတ် သံရုံးတာဝန်ရှိသူများနှင့် JMCအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.